အပိုင်း (၁၅)

1.3K 138 2
                                    

အပိုင်း (၁၅)

အိုးရန်မင်ယွဲ့က ခန္ဓာကိုယ်နဲ့ တိပနေတဲ့ အရောင်ရင့်ရင့် ရှေးခေတ်ဝတ်စုံကို ဝတ်ထားတယ်။ သူမက ခန်းမဆောင်ထဲကို ခြေလှမ်းကျဲကျဲနဲ့ လှမ်းဝင်လာရင်း မျက်နှာပေါ်မှာတော့ ပျူငှာတဲ့ အပြုံးရေးရေးကို ဆင်မြန်းထားတယ်။ သူမက အသွင်အပြင်ကို ပြည့်စုံစေဖို့ မျက်ခုံးမွေးတွေကိုလည်း ပိုထူပိုနက်နေအောင် ဆွဲထားပြီး နှုတ်ခမ်းကိုတော့ အနီရောင်ဖျော့သွားအောင်လို့ ပေါင်ဒါမှုန့်တွေ လိမ်းကျံထားလေတယ်။ သူမမှာ အားနည်းပြီးမိန်းမဆန်တဲ့ အရိပ်ယောင်တွေ လုံးဝမရှိဘဲ ခန့်ညားပြီး သူရဲကောင်းဆန်တဲ့ အသွင်အပြင်မျိုးသာ တွေ့ရလေတယ်။

(note.... OYMY က ယောက်ျားလေးအဝတ်တွေဝတ်ထားတာပါနော်၊ မြို့စားက ယောက်ျားလေးလို့ ထင်မှတ်နေတာပါ)

"အစ်ကိုဝမ်ချီ.. မတွေ့ရတာကြာပြီ၊ နေကောင်းတယ်မလား" သူမက လက်နှစ်ဖက်ကို ရင်ဘတ်နားမှာ ဆုပ်ကိုင်ရင်း ဝမ်ချီရန်ကို နှုတ်ဆက်လိုက်ပေမယ့် အခန်းတစ်ဖက်မှာထိုင်နေတဲ့ လူငယ်လေးကို တွေ့လိုက်တဲ့အချိန်မှာတော့ သူမမျက်လုံးထဲမှာ အံ့သြတဲ့အရိပ်အယောင်တွေ ဖြတ်ပြေးသွားလေတယ်။

သူမက ယောက်ျားချောချောလေးတွေကို ကြိုက်တယ်။ မျက်နှာလှလှကလေးသာ ရှိပစေ၊ ဘာပုံကြီးပဲဖြစ်ဖြစ် သူမက ဂရုစိုက်မှာမဟုတ်ဘူး။ သန်မာတောင့်တင်းတဲ့လူပဲဖြစ်ဖြစ်၊ အေးစက်နေတဲ့ မသေမျိုးပုံစံပဲဖြစ်ဖြစ်၊ တော်ရိလျော်ရိပုံစံမျိုးပဲဖြစ်ဖြစ်၊ ဗီလိန်ပဲ ဖြစ်နေပါစေဦး မျက်နှာကလေးသာချောရင် သူမစိတ်ကြိုက်တွေ့တာချည်းပဲ။ သူမက မော်ဒန်ခေတ်ကလာခဲ့တာဆိုတော့ ဒီကမ္ဘာမှာ ချောပေ့ဆိုတဲ့လူတွေက သူမမျက်စိထဲမှာ သာမန်ပဲ။ ဒါပေမယ့် ဒီလူငယ်လေးကို မြင်လိုက်ရတဲ့ခဏမှာတော့ သူမနားလည်လိုက်တာက ဝိဉာဉ်လွင့်လောက်အောင် ချောမောတယ် ဆိုတာပဲ။

လူငယ်လေးက အရိုးတွေမရှိသလိုမျိုး ကြီးမားတဲ့ထိုင်ခုံပေါ်မှာ ပျင်းတိပျင်းတွဲထိုင်နေတယ်။ လက်တစ်ဘက်က လက်ရန်းပေါ်တင်ထားပြီး အခြားလက်တစ်ဖက်က လက်ဖက်ရည်ခွက်ကို ဆော့နေတယ်။ သူက ရယ်မြူးနေတဲ့အကြည့်လေးနဲ့ လှမ်းကြည့်လိုက်တဲ့အခါ ပုံစံလေးက အပူအပင်မရှိဘဲ အပြစ်ကင်းစင်တဲ့ ပုံပေါ်လေတယ်။ ဒါက မျက်တောင်တစ်ခတ်အတွင်းမှာပဲ အိုးရန်မင်ယွဲ့နှလုံးသားကို ဖမ်းစားလိုက်လေတယ်။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now