အပိုင်း (၂၀)

1.1K 87 2
                                    

အပိုင်း (၂၀)

(ပြောချင်တာတစ်ခုက မြေခွေးလေးက ပြီးတော့မှာလေ၊ အဲဒိတော့ နောက်ပိုင်းမဖတ်ရတော့မယ့် အတူတူ အေးအေးဆေးဆေး ဇိမ်ဆွဲပြီး တစ်လုံးချင်းအရသာခံဖတ်စေချင်တယ်)

Da Yong တိုင်းပြည်က မိန်းမတွေထက်စာရင် ယောကျ်ားတွေက အရေအတွက်ပိုများတယ်။ ယောကျ်ားဆယ်ယောက်မှာ သုံးလေးယောက်လောက်က မိန်းမတွေနဲ့ မထိတွေ့မဆက်ဆံဖူးဘူး။ ဒါကြောင့် လှပတဲ့အမျိုးသားတွေကလည်း အလွန်တရာ နာမည်ကြီးလေတယ်။ ဥပမာပြောရရင် ဟဲလျန်မိုယွမ်က နှစ်ဖက်ချွန်။ သူက လူငယ်လေးကိုမျက်တောင်မခတ်စိုက်ကြည့်နေတယ်။ မျက်လုံးထဲမှာလည်း လိုချင်တပ်မက်မှုတွေအပြည့်နဲ့။ အိုးရန်မင်ယွဲ့ကိုပြန်ပေးဆွဲပြီး တိုင်းပြည်ပြန်ခေါ်သွားမယ့်အတွေးကို လုံးလုံးမေ့သွားပြီ။

"သူက ဘယ်သူဖြစ်မယ်လို့ထင်လဲ" သူက ဘေးနားကအမတ်ကို မေးလိုက်တယ်။

"ဝတ်ပုံစားပုံနဲ့ ပုံစံကို ကြည့်ရတာတော့ ရှစ်ကျန့်ဝမ်ရဲ့ အချစ်တော်လေးဖြစ်မှာပါ" အမတ်က ယုံကြည်ချက်ရှိရှိ ဖြေလိုက်တယ်။

"အချစ်တော်ကစားစရာလေး?.... ကောင်းတယ် ကောင်းတယ်! ငါကိုယ်တော် သွားတောင်းကြည့်လိုက်ဦးမယ်" ဟဲလျန်မိုယွမ်က အလိုရှိတိုင်းရနေတဲ့ လူမျိုးပဲ။ သူက နောက်ထပ်မတွေးတော့ပဲ ဝိုင်ခွက်ကိုမြှောက်ကိုင်ကာ ထထွက်သွားတယ်။

အမတ်က တားလိုက်ချင်သေးတာ။ ဒါပေမယ့် မလုပ်တော့ဘဲ ငြိမ်ငြိမ်ပဲထိုင်နေရင်း သောက်နေလိုက်တယ်။

ဒါက အချစ်တော်လေးပဲလေ။ ရှစ်ကျန့်ဝမ်က Da Yong ပြည်နဲ့ မျက်နှာပျက်အောင် လုပ်မှာမဟုတ်ပါဘူး။ အချစ်ကလေးကို အသာတကြည်ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ မပေးရင်လည်း ကိစ္စမရှိပါဘူး။ သူတို့က ထိခိုက်နစ်နာစရာမှ မရှိတာ။

ဇာတ်လိုက်မရဲ့ တရားဝင်ခင်ပွန်းတစ်ယောက်အနေနဲ့ ဟဲလျန်မိုယွမ်အသွင်အပြင်က ခန့်ညားတာရဲ့ အထက်မှာရှိတယ်။ သူက ပေါ့ပေါ့ပါးပါးပဲဝတ်ဆင်ထားပေမယ့် မဟာဆန်တာကတော့ ဖုံးကွယ်လို့ မရဘူး။ သူက ရှစ်ကျန့်ဝမ်ဆီ ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားရင်း အနည်းငယ်ဦးညွှတ်လိုက်တယ်။ ပြီးတော့ ဝိုင်ခွက်ကိုမြှောက်ပြီး ဂုဏ်ပြုလိုက်တယ်။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now