အပိုင်း(၅.၂)

1K 135 6
                                    

Unicode

အပိုင်း(၅.၂)

ကျောက်ရွှမ်ကတော့ မြေခွေးလေးကို ချီပြီး အိမ်ကို အေးအေးလူလူ လမ်းလျှောက်ပြန်လာတယ်။ အခုလေးတင် ဝယ်လိုက်တဲ့ ပစ္စည်းတွေကတော့ ရှေ့တော်ပြေးတွေနဲ့ အိမ်ကို ပို့ခိုင်းပြီးသွားပြီ။

လမ်းမပေါ်မှာ အေးအေးလူလူ လမ်းလျှောက်နေတယ်ဆိုတာ ကျိုးယွင်ရှန့်အတွက်တော့ မဟာ့ မဟာနှိပ်စက်မှုကြီးပဲ။ အကြီးမားဆုံး အခက်အခဲက ပြဿနာများတဲ့ ယွိလီခန္ဓာကိုယ်ကြောင့်ပဲ။ ထူးထူးဆန်းဆန်း လှုပ်လှုပ်ရွရွ အသစ်အဆန်းလေးတွေ မမြင်လိုက်နဲ့။ မြင်တာနဲ့ လှမ်းလှမ်းဆွဲချင်တာ။ အနံ့တစ်ခုခုလည်း မရလိုက်နဲ့။ အထူးသဖြင့် အသားနံ့ရလိုက်တာနဲ့ သွားရည်တွေက ကျလာရော။ ဘယ်လို စိတ်ထိန်းထိန်း သွားရည်တွေက ရေကာတာကျိုးသလို တားမရဘူး။

သူတို့ ရောက်နေတဲ့ နေရာရဲ့ ရှေ့ဘက် (၁၀)မီတာမှာ အသားဆိုင်တစ်ဆိုင်ရှိတယ်။ အသားနံ့ မွှေးမွှေးလေးတွေက သူ့တစ်ကိုယ်လုံးကို ရစ်ပတ်လာပြီး မရိုးမယွ ဖြစ်လာတယ်။ သူ့သွားရည်တွေ ထွက်ကျလာတော့မယ်လို့ ခံစားရလို့ ပါးစပ်ကို အမြန်စိလိုက်ရတယ်။ သူက သူ့လက်ကလေးနဲ့တောင် ဖိပိတ်ထားရလေတယ်။ ဒါပေမယ့် မကြာပါဘူး။ သွားရည်တွေ စိမ့်ထွက်လာရင်း အမွေးတွေပေါ်မှာ အကွက်ကြီး ဖြစ်သွားတယ်။ ကျောက်ရွှမ် လက်မောင်းမှာရောပဲ။

ချီးထုတ်ပဲ! ဒီခန္ဓာကိုယ်က ဘာဖြစ်နေတာလဲ! ရှစ်ဘဝလောက် အသားမစားရဘဲ သေသွားသလား မသိဘူး!

သူက သူ့ကိုယ်သူ ကျိန်ဆဲလိုက်တယ်။ ကျောက်ရွှမ်က သူ့ကို ငုံ့ကြည့်တာလဲ မြင်ရော မြန်မြန်ဆန်ဆန် အမြီးနဲ့ ကွယ်လိုက်ရတယ်။ သူ့မှာ မျက်နှာပြစရာ မရှိတော့ပါဘူး။

ကျောက်ရွှမ်က သူ့အင်္ကျီလက်မောင်းတွေ စိုစွတ်နေတယ်လို့ခံစားရပြီး ခပ်လှမ်းလှမ်းက အသားဆိုင်ကိုလည်း မြင်ရော ဘာတွေဘယ်ပုံ ဖြစ်နေတယ်ဆိုတာ သဘောပေါက်သွားပြီး ရယ်လေတယ်။

ဒီနေ့ သူတို့သခင် ဘယ်နှကြိမ်လောက် ရယ်နေမှန်း ဝမ်ပေါင်က မရေတွက်နိုင်တော့ဘူး။ အရင်တုန်းက သူက လူသေမျက်နှာကြီးလို ရှုတင်းတင်းကြီးပဲ နေတာ။ ဒါပေမယ့် အခု မြေခွေးလေးကို ခုံမင်ရင်း ပိုပြီး တက်ကြွလာသလိုပဲ။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now