အပိုင်း (၈)

1.1K 129 1
                                    

အပိုင်း (၈)

(ဒီအပိုင်းမှာတော့ ကလေးရဲ့ အချစ်တွေနဲ့ ဒယ်ဒယ်ကြီးရဲ့ နတ်ဘုရားလို အလှအပတွေကို မြင်ရမှာပါ)

ကျောက်ဆောင်အောက်ခြေက အေးပြီး စိုစွတ်နေတယ်။ ပတ်ဝန်းကျင်ကလည်း သားရဲတွေနဲ့ ပြည့်နှက်နေသေးတယ်။ ညဘက်ဆိုရင် အလွန်အန္တရာယ်ရှိမှာ။

ကျောက်ရွှမ်က ညရောက်တဲ့အခါ နားနေဖို့ လုံခြုံတဲ့နေရာကို မြန်မြန်ရှာဖွေနေတယ်။ သူတစ်ယောက်တည်းဆိုရင် အကြောင်းမဟုတ်ပေမယ့် လက်ထဲက မြေခွေးလေးက အကြောက်လွန်ပြီး တစ်ကိုယ်လုံး တုန်နေပြီ။ သူ စိတ်မချတော့ဘူး။ အချိန်အတော်ကြာ ရှာဖွေပြီးနောက်မှာ ခြောက်သွေ့တဲ့ ဂူတစ်လုံးကို ရှာတွေ့တယ်။ အထဲမှာ မြွေ၊ ကြွက် နဲ့ အခြားသားရိုင်းတွေမရှိတာ သေချာတဲ့အခါ သူက အထဲကို ဝင်သွားပြီး ထိုင်ချလိုက်တယ်။

"လီအာ... မကြောက်နဲ့နော်။ အခု ကိုယ်တို့တွေ ဘေးကင်းပြီ။ ကိုယ့်လူတွေလိုက်ရှာနေတာလည်း မကြာခင်မှာ ကိုယ်တို့ကို တွေ့တော့မှာ" ကျောက်ရွှမ်က မြေခွေးလေးရဲ့ စိုစွတ်ပြီး ခံစားချက်တွေ ပြည့်နေတဲ့ မျက်လုံးလေးကို နမ်းလိုက်တယ်။ ပြီးတော့ အင်္ကျီကို ဖြေလျော့လိုက်ပြီး အထဲကို ထည့်ထားလိုက်တယ်။

မြေခွေးလေးက သူ့ရင်ဘတ်နဲ့ထိနေပြီး သူတို့နှလုံးသားတွေ အတူတကွ ခုန်နေတဲ့အခါမှပဲ သူက ငြိမ်းအေးခြင်းကို ခံစားရလေတယ်။

သူက မြေခွေးလေးကို စကားနဲ့ နှစ်သိမ့်လိုက်ပေမယ့် သူ့စိတ်ထဲက ကြောက်ရွံ့မှုတွေကတော့ အခြားသူထက် မလျော့ဘူး။

သူက သေရမှလည်း မကြောက်ဘူး၊ အသတ်ခံရမှာလည်း မကြောက်ဘူး၊ မြေခွေးလေး သူ့မျက်စိရှေ့က နောက်တစ်ကြိမ် ပျောက်ကွယ်သွားမှာပဲ ကြောက်တယ်။ အဲဒိခံစားချက်တွေက စိုးရွားလွန်းတယ်။ အရင်တုန်းကလည်း အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ပြီးခဲ့သလို နာကျင်စွာ ရင်းနှီးနေတယ်။

ကျိုးယွင်ရှန့်က တကယ်တော့ ကြောက်နေတာ မဟုတ်ပါဘူး။ ပင်ပန်းလွန်းလို့ တစ်ကိုယ်လုံး တုန်နေတာပါ။ သူက အချိန်အချို့ကြာတော့ ပြန်ကောင်းသွားပေမယ့် သူ့ချစ်သူဆီက ကြောက်ရွံ့မှုတွေကို ခံစားလိုက်ရတယ်။ ကျောက်ရွှမ်က သူ့ကို ဆုံးရံှုးရမှာကို အရမ်းကြောက်တာ။ အခုလို သေကွဲ ကွဲရတာမပြောနဲ့ အတူတူရှိနေကြရင်တောင် မျက်စိအောက်ကပျောက်သွားမှာ သိပ်စိုးတာ။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now