အပိုင်း(၁၄)

1.4K 140 2
                                    

အပိုင်း(၁၄)

(Note.... ဒီအပိုင်းက မစားရအညှော်ခံ၊ ကောက်ရိုးပုံစောင့်တဲ့ ဟိုဟာလေး ဖြစ်တဲ့ ရှစ်ကျန့်ဝမ်ရဲ့ နောက်တိုးအချစ်ပြိုင်ဘက်လေး အကြောင်းပါ)

.........

မကြာသေးမီက နန်းမြို့တော်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်နှစ်ခု ဖြစ်ပွားခဲ့တယ်။ တစ်ခုက ရှစ်ကျန့်ဝမ်ရဲ့ ချစ်လှစွာသော အိမ်မွေးတိရစ္ဆာန်လေး ပျောက်ဆုံးသွားခြင်း ဖြစ်တယ်။ တစ်လလောက် လူအင်အား အလုံးအရင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေခဲ့ကြပေမယ့် ပြန်မတွေ့သေးဘူး။ ရှစ်ကျန့်ဝမ်က စိတ်ဓါတ်ကျနေပြီလို့ လူတွေက ပြောကြတာပေါ့။

ဒုတိယ တစ်ခုကတော့ စစ်သူကြီး ဝမ်ချီရန် က အနောက်ဖက်စစ်ပွဲအောင်နိုင်ခဲ့ပြီး စစ်တပ်နဲ့အတူ နန်းမြို့ကို ပြန်လာနေပြီ ဖြစ်ကြောင်း နယ်စပ်ကနေ လာတဲ့ သတင်းပဲ။ ဧကရာဇ်က အလွန်အမင်း ကျေနပ်နေလို့ ရတနာအမြောက်အမြားနဲ့ ဆုချီးမြင့်တဲ့အပြင် ယုံဝူမြို့စား ဆိုတဲ့ ဘွဲ့ကိုလည်း ချီးမြင့်ခဲ့သေးတယ်။

ရှစ်ကျန့်ဝမ်က နန်းတွင်းကို ထိန်းချုပ်ထားတယ်ဆိုတာ လူတိုင်းသိတယ့် ကိစ္စပဲ။ သူက နန်းတွင်းမှာရော စစ်တပ်ထဲမှာပါ သြဇာအာဏာရှိတယ်။ ပြီးတော့ ဒီ မြို့စားယုံဝူ ကလည်း ရှစ်ကျန့်ဝမ် လက်ခုပ်ထဲက ဘက်တော်သားတစ်ယောက်ဆိုတာလည်း အသေအချာပဲ။ ဝမ်ချီရန်က ဒီလိုမျိုး တောက်ပတဲ့ စစ်ရေးအောင်မြင်မှုကို ရရှိခဲ့တာ ရှစ်ကျန့်ဝမ်ရဲ့ အာဏာကို နှစ်ဆတိုးပေးလိုက်တာနဲ့ တူတယ်။ အစတုန်းကတော့ ဧကရာဇ်ငယ်လေးက အာဏာအနည်းငယ်ကို ပြန်လည်ရရှိပြီးနေပြီ။ အခုတော့ သူ့မှာ ဘာမှမရှိတော့ဘဲ ထိုလူနှစ်ယောက်ကို ဘယ်လိုမျိုးဖြုတ်ပစ်ရမလဲသာ ထိုင်ပြီး စဉ်းစားနေတော့တယ်။

လေက ဘယ်အရပ်ကို တိုက်ခတ်မယ်ဆိုတာ ကျောက်ရွှမ်က သိတယ်။ ဝမ်ချီရန်ကလည်း သိတယ်။ ကျိုးယွင်ရှန့်က ပိုပြီးတောင် ရှင်းရှင်းလင်းလင်း ရှိသေးတယ်။

အခု ကျိုးယွင်ရှန့်က စစ်သူကြီး အိမ်တော်ကို သွားတဲ့ ရထားလုံးတစ်ခုထဲမှာ ထိုင်နေတယ်။ လမ်းတစ်လျှောက် အပြင်ရှုခင်းတွေကို ငေးရင်းနဲ့ အရင်ဘဝက ဝမ်ချီရန်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ပြန်စဉ်းစားနေမိတယ်။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now