အပိုင်း (၁၉)

1K 103 4
                                    

အပိုင်း (၁၉)

အဖြစ်အပျက်တွေအပြီး နှစ်လလောက်ကြာသွားတဲ့အခါ Da Yong တိုင်းပြည်က သံတမန်တစ်ဖွဲ့ နန်းမြို့တော်ကို ရောက်လာတယ်။ တိုင်းပြည်နှစ်ခုကြား ချစ်ကြည်ရေးတိုးပွားလိုတာကြောင့် Da Yong ပြည်ရဲ့ အကြီးဆုံးမင်းသား မိုယွမ်နဲ့ Tian Yuan ပြည်က မင်းသမီးတစ်ပါးကို လက်ဆက်ပေးဖို့ အကြံပြုလာတယ်။

ဧကရာဇ်ကျောက်ကျုံးကျန်းက အခုမှ ဆယ့်ခုနှစ်နှစ်ပဲ ရှိသေးတာ။ လက်ထပ်ထားတာ လအနည်းငယ်ပဲရှိသေးတယ်။ ကလေးလည်း မရှိသေးဘူး။ ဒါကြောင့် Tian Yuan ပြည်မှာ လက်ထပ်လို့ရမယ့်အရွယ်ရှိတဲ့မင်းသမီး ဘယ်နားမှာမှ မရှိဘူး။ ယခင်ဧကရာဇ်ဟောင်းရဲ့ အငယ်ဆုံးသမီးတော်ကလည်း အသက်နှစ်ဆယ့်ရှစ်၊ နှစ်ဆယ့်ကိုးလောက် ရှိနေပြီး အားလုံးက လက်ထပ်ပြီးကုန်ကြပြီ။ နိုင်ငံရေးအရလက်ထပ်ဖို့အတွက် ဘယ်လိုမှမသင့်တော်တော့ဘူး။ ဒါကြောင့် တော်ဝင်ဆွေမျိုးတွေရဲ့ သမီးတွေကိုသာ ရွေးချယ်ဖို့ဖြစ်လာတယ်။

Da Yong တိုင်းပြည်က တောင်တန်းတွေပေါ်မှာ တည်ရှိပြီး ရာသီဥတုကလည်း အလွန်ဆိုးရွားတယ်။ အကယ်၍ တစ်စုံတစ်ယောက်သာ အဲဒိတိုင်းပြည်မှာ သွားနေရမယ်ဆိုရင် ပြင်းထန်တဲ့ရာသီဥတုကို နေသားကျဖို့ ကြိုးစားနေရတာနဲ့တင် ခက်ခဲတဲ့ စမ်းသပ်ချက်တစ်ခုဖြစ်နေပြီ။ သူတို့ရဲ့ ကြမ်းတမ်းပြီးအရိုင်းဆန်တဲ့ ရိုးရာဓလေ့ထုံးစံတွေကိုတော့ ပြောမနေပါနဲ့တော့။ ဥပမာပြောရရင် သူတို့ဆီက မုဆိုးမတွေက လင်ယောကျ်ားသေသွားရင် မိသားစုရဲ့နောက်ထပ်အကြီးအကဲကို ပြန်လက်ထပ်ရလေ့ရှိတယ်။ ဒါက သူတို့ယောကျ်ားရဲ့ သားပဲဖြစ်ဖြစ်၊ ညီအစ်ကိုပဲဖြစ်ဖြစ်ပေါ့။ ပြီးတော့ သူတို့ဆီမှာ ဇနီးမယားကို ဝေမျှယူကြတဲ့ ထုံးစံလည်း ရှိတယ်။ ဒါတွေအားလုံးက သာမန်ပဲ။ ဒါကြောင့် Tian Yuan ပြည်ရဲ့ တော်ဝင်ဆွေမျိုးတွေကတော့ ရူးနေတာမဟုတ်ရင် သူတို့သမီးတွေကို လက်ထပ်ဖို့စေလွှတ်မှာ မဟုတ်ဘူး။

သူမသာ ရှစ်ကျန့်ဝမ်ရဲ့ထိန်းချုပ်မှုကို မခံထားရဘူးဆိုရင် အိုးရန်မင်ယွဲ့က ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်တာ သေချာတယ်။ Tian Yuan ပြည်မှာက အမျိုးသမီးတွေရဲ့ကဏ္ဍက အရမ်းနိမ့်ကျတယ်။ မိန်းမတွေကို ပစားပေးထားတဲ့ Da Yong ပြည်လို မဟုတ်ဘူး။ Da Yong ပြည်မှာ အမျိုးသမီးတွေက အိမ်ရဲ့အကြီးအကဲတွေဖြစ်လာနိုင်ပြီး နိုင်ငံရေးမှာလည်း ပါဝင်စွက်ဖက်နိုင်ကြတယ်။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now