အပိုင်း (၅.၁)

1.1K 138 3
                                    

အပိုင်း (၅.၁)

Big Warning !!!! Chapter (5) ဖတ်နေရင်း တစ်ယောက်တည်း ပြုံးစိပြုံးစိ မလုပ်ပါနဲ့။

ပုံ/ translator

ကျောက်ရွှမ်က အိုးရန်မင်ယွဲ့ကြောင့် အကြံဉာဏ်ရသွားပြီး ရတနာဆိုင်ထဲက ထွက်တာနဲ့ အဝတ်အထည်ဆိုင်ကို တန်းတန်းသွားတယ်။ ဆိုင်ပိုင်ရှင်က နှုတ်ဆက်ဖို့ရာ ဆိုင်အပြင်ကို ပြေးထွက်လာတယ်။ "မောင်မင်းရဲ့ဆိုင်မှာရှိတဲ့ တောက်ပနူးညံ့ပြီး ဈေးကြီးပေ့ဆိုတဲ့ အထည်စတွေ ထုတ်လာခဲ့၊ ငါကိုယ်တော် ကြည့်ရအောင်"

ဆိုင်ရှင်က ပျော်ရွှင်စွာ သဘောတူလိုက်တယ်။ သူက ဆိုင်ထဲမှာ ရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို အလုပ်သမားတွေကို ထုတ်ယူလာခိုင်းလိုက်တယ်။

"အရှင် ကြည့်ပါ ခင်မျာ၊ ဒီဟာက ဟန်ကျိုးကထွက်တဲ့ ရွှေချည်ငွေချည်တွေပါ၊ လုံးဝပိုးအစစ်ပါ၊ အာမခံပါတယ်၊ အရမ်းနူးညံ့ပြီး အသားနဲ့ထိလိုက်တာနဲ့ ချောမွေ့တဲ့ အထိအတွေ့ကို ခံစားရမှာပါ၊ ပြီးတော့ ပိတ်ပါးတွေကိုလည်း ကြည့်ပါဦး၊ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတယ် အရောင်တွေကလည်း စိုနေတာပဲ၊ ပိတ်တွေက ရှည်လည်း ရှည်တယ်၊ ဒါပေမယ့် အရမ်းပေါ့ပါးတာနော်၊ အရည်အသွေးကတော့ အထူးပြောစရာမလိုပါဘူး၊ အရှင်.. ဘယ်အရောင် နှစ်သက်ပါလဲ၊ ကျွန်တော်တို့မှာ ရှိသမျှအရောင်တွေ ထုတ်လာခဲ့မယ်၊ အရှင်ကြိုက်တာ ရွေးလို့ရအောင်" ဆိုင်ပိုင်ရှင်က ချက်ချင်းပဲ သူ့အလုပ်သမားတွေကို လှည့်အော်လိုက်တယ်။ "မင်းတို့တွေ အရောင်တူချည်းပဲ ဘာလို့ထုတ်လာတာတုန်း၊ ဝမ်ရယ်က ဘယ်လို ရွေးရတော့မှာလဲ၊ သွားကြစမ်း....ဆိုင်မှာ ရှိသမျှ အရောင်စုံ အဆင်စုံ ထုတ်လာခဲ့.. ဘာမှ သုံးစားမရတဲ့ ငပျင်းတွေ!"

ဆိုင်ရှင်က ချက်ချင်းပြန်ဒူးထောက်လိုက်ပြီး ဝမ်ရယ်ကို အထည်စတွေအကြောင်း မျက်နှာလို မျက်နှာရ ပြန်ရှင်းပြပြန်တယ်။

ရှစ်ကျန့်ဝမ်က အရောင်တောက်တောက်တွေကိုသာ စိတ်ဝင်စားတယ်။ ဒါကို ဆိုင်ပိုင်ရှင်လည်း သိရော မိန်းမပျိုအချို့ကို လက်ဆောင်ပေးချင်လို့ဖြစ်မယ်လို့ ယူဆလိုက်လေတယ်။ အကြီးစားဖောက်သည် ကို အလွတ်မခံချင်တော့ ရှစ်ကျန့်ဝမ်ရဲ့မိန်းကလေး ဘယ်သူမှန်းသိအောင် စုံစမ်းထားမှ ဖြစ်မယ်လို့လည်း တွေးနေပြန်တယ်။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Wo Geschichten leben. Entdecke jetzt