အပိုင်း(၁၃)

1.5K 149 2
                                    

Unicode

အပိုင်း(၁၃)

ဝမ်ပေါင်က သူ မသင့်လျော်တဲ့ အချိန်မှာ ရောက်လာမိတယ်လို့ ခံစားနေရတယ်။ သူက အခန်းတံခါးကို ခေါက်မယ်ပြင်ရုံရှိသေး သူ့သခင်ရဲ့ ဒေါသတကြီး "ထွက်သွား" ဆိုတာကို လက်ခံလိုက်ရတယ်။ ဒီတော့ ထောင့်တစ်ထောင့်နားမှာ ရပ်နေပြီး သူ့ကိုယ်သူ သနားစရာကောင်းစွာ တိတ်တိတ်လေး တွေးနေတယ်။....... သခင်က အခြားသူတွေနဲ့ဆိုရင် ပန်းပွင့်တွေလိုပဲ ရယ်မောနေတယ်၊ ဒီအစေခံကိုကျတော့ သရဲသဘက်တွေ့တဲ့ အတိုင်းပဲ၊ သူ့သခင်ရဲ့ ဦးနှောက်က တပ်မက်ခြင်းတွေနဲ့ ဖုံးလွှမ်းနေပါပြီ။

သူတို့သခင်ကို ဒီလောက်ထိ ဖမ်းစားထားနိုင်တဲ့ အခန်းထဲက ထိုလူက ဘယ်လိုလူမျိုးလဲဆိုတာ ဝမ်ပေါင် မသိပါဘူး။ နှစ်ယောက်စလုံးက သခင်လေးရဲ့ မနက်စာတွေ၊ နေ့လည်စာတွေကိုတောင် ဂရုမစိုက်တော့ဘဲ မေ့နေကြပြီလေ။

အခန်းထဲက ကျောက်ရွှမ်ကတော့ ဝမ်ပေါင်ကို နှင်ထုတ်ပြီးတဲ့အခါ ကိုယ်ကိုကုန်းပြီး မြေခွေးလေးကို ဖိနပ်ဝတ်ပေးလိုက်တယ်။ ဖိနပ်က မြေခွေးလေးအတွက် မတော်မတရား ကြီးနေပါရော။ သူ့ခြေထောက်က ဖိနပ်ထဲမှာ ဟိုဟိုသည်သည် ပြေးနေပြီး နောက်ဖက် တစ်ဝက်လောက်ကလည်း လွတ်နေသေးတယ်။

"ကြည့်ရတာ ဝတ်စုံတစ်စုံ မြန်မြန် ချုပ်ပေးဖို့ လိုနေပြီ။ မဟုတ်ရင် အိမ်တော်ထဲက ထွက်လို့ရမှာ မဟုတ်ဘူး၊ ပြီးတော့ မင်းရဲ့ ဆံပင်အရောင်ကို နည်းနည်းလောက် ပြောင်းရအောင်" ပြီးခဲ့တဲ့ ညက ထိတ်လန့်ဖွယ်ရာ မတော်တဆမှုကြီး ကြုံရပြီးနောက် မြေခွေးလေးကို ဒီထက်ပိုပြီး ကာကွယ်ဖို့လိုမှန်း ကျောက်ရွှမ်က နားလည်လိုက်ပါပြီ။ သူ့အကြောင်းကို အပြင်လူတွေ သံသယဝင်သွားဖို့ လုံးဝခွင့်မပြုနိုင်ဘူး။ ဒီကမ္ဘာမှာ အထက်လမ်းဆရာတွေ ဘယ်လောက်များလဲ။ ပုရောဟိတ်ကို ရှင်းထုတ်နိုင်ပေမယ့် နောက်ထပ်ဒုတိယလူ၊ တတိယလူ ပေါ်မလာဘူးလို့ ဘယ်သူအာမခံမှာလဲ။ ဒါကြောင့် နေ့နေ့ညညစောင့်ကြပ်နေမှာထက်စာရင် မြေခွေးလေးရဲ့ ဇာစ်မြစ်ကို အစကတည်းက ဖုံးကွယ်ထားတာ ပိုကောင်းတယ်။ ဒါကိုလည်း တွေးလိုက်ရော သူက ပုရောဟိတ်ရဲ့အိမ်ကို တစ်ခေါက်ထပ်သွားပြီး မိစ္ဆာစွမ်းအားကို ဖိနှိပ်ထားနိုင်တဲ့ မှော်ဝင်ပစ္စည်းအချို့ သွားယူဖို့ ဆုံးဖြတ်လိုက်တယ်။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now