အပိုင်း(၃.၂)

1.1K 139 0
                                    

အပိုင်း(၃.၂)

အာ... ဟုတ်တာပဲ။ မနေ့က ပန်းပွဲတော်မှာ သူအိပ်ပျော်သွားတယ်လေ။ သူ့ချစ်သူများ ဇာတ်လိုက်မရဲ့ ဂုဏ်ရှိန်ဝါတွေအောက်မှ ဆွဲဆောင်မှုခံလိုက်ရသလား ၊ပန်းပွင့်လေးကို အိုးရန်မင်ယွဲ့ကိုများ ပေးလိုက်သေးသလား။ သူက သူ့ချစ်သူရဲ့ ရင်ဘတ်ထဲကနေ ခုန်ထက "ရိ..ရိ.. ဝူ... ဝူ" အသံပြုရင်း စုတ်တံကိုင်နေတဲ့ လက်ကို သူ့လက်ကလေးနဲ့ ဆွဲလိုက်လေတယ်။

ကျောက်ရွှမ်က တရိစ္ဆာန်ဘာသာစကားကို နားမလည်ဘူးလေ။ ဒါကြောင့် မြေခွေးလေးရဲ့ ဆိုလိုရင်းကို သဘောမပေါက်ဘူး ဖြစ်နေတာပေါ့။ သူက သူဆော့နေတယ်ပဲ ထင်နေတာ။ မျက်လုံးလေးတွေကို နမ်းလိုက်ရင်း ကြင်ကြင်နာနာ ပွတ်ပေးလိုက်သေးတယ်။ သူက "လိမ္မာတယ်၊ ဒါတွေ ကြည့်လို့ပြီးသွားရင် မင်းနဲ့ကစားပေးမယ်" လို့ပြောလိုက်တယ်။ သူက မြေခွေးလေး ပျင်းနေမှာ စိုးရိမ်ပြီး ဝမ်ပေါင်ကို ကစားစရာတွေ ယူလာဖို့ အမိန့်ပေးလိုက်တယ်။

ဝမ်ရယ် အိမ်ကို ပြန်ရောက်ရောက်ချင်း လုပ်တာက ရေနွေးနွေးယူလာခိုင်းပြီး အဲ့အကောင်လေးကို ရေချိုးပေးတာပဲ။ အတွင်းအားကို သုံးပြီး အမွေးတွေကို ခြောက်အောင် လုပ်ပေးလိုက်သေးတယ်။ ပြီးတော့ အိပ်ယာပေါ်မှာ ဖက်ထားရင်း ခဏလောက် အတူတူအိပ်တယ်။ သူလည်း အိပ်ယာထရော အကောင်လေးနိုးမှာစိုးလို့ စောင်ကိုဆွဲမဖယ်ရဲဘူး။ ကုတင်တစ်ဖက်စွန်းကနေ သူခိုးလိုမျိုး သာသာလေး လျှောထွက်ရတယ်။ ဒါက ဒီအကောင်လေးကို သူဘယ်လောက်ချစ်တယ်ဆိုတာ ရှင်းနေတာပဲလေ။ ဒါကြောင့် ဝမ်ပေါင်က တုံ့ဆိုင်းမနေရဲဘူး။ စိတ်ဝင်စားစရာကောင်းမယ့် ကစားစရာအသစ်လေးတွေကို မြန်မြန်သွားပြေးရှာကာ အိတ်တစ်လုံးထဲထည့်ရင်း ယူလာလေတယ်။

"သခင်လေး... ကြိုက်တာ ရွေးပါခင်မျာ"

သူက တိရစ္ဆာန်တစ်ကောင်မဟုတ်ပဲ တော်ဝင်မျိုးနွယ် အထက်တန်းလွှာ သခင်လေး တစ်ယောက်ကို ခစားသလိုမျိုး ဒူးထောက်အရိုအသေပြုရင်း အိတ်ကိုဖွင့်ပြလိုက်တယ်။

ကျောက်ရွှမ်က ကျေနပ်တဲ့ အကြည့်တစ်ချက်ပေးလိုက်တယ်။ သူက စကျင်ကျောက်သား ကြမ်းပြင်ပေါ်မှာ မြေခွေးလေးခြေထောက်တွေ အေးမှာစိုးလို့ အောက်မချပေးပဲ ချီထားတယ်။ "ကြိုက်တာတွေ့ရင် ပါးစပ်နဲ့ကိုက်လိုက်နော် ၊ ကိုယ် စားပွဲပေါ်တင်ပေးမယ်"

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now