အပိုင်း(၄)

1.4K 153 5
                                    

အပိုင်း(၄)

တစ်ဖက်မှာတော့ ကျောက်ရွှမ်က မြေခွေးလေးကိုချီပြီး ပန်းငှက်ဈေးတန်းထဲက လူအုပ်ကြားထဲ လမ်းလျှောက်နေကြတယ်။

သူက ရိုးရိုးဝတ်စုံ အမည်းရောင်ကို ဝတ်ဆင်ထားသော်လည်း ဒေဝတာနတ်ဘုရားအသွင် မျက်နှာနှင့် အရှိန်အဝါတို့ကြောင့် လူတွေက သူတို့ကို အလိုလိုရှောင်ဖယ် သွားကြလေတယ်။ ရဲမက်အချို့က သူတို့နောက် မနီးလွန်း မဝေးလွန်းမှာ လိုက်ပါလာပြီး သာမန်လူများနှင့် ကွာခြားသည့် အငွေ့အသက်ကိုလည်း ထုတ်လွှတ်နေသည်။ သူက လူကြားထဲ ရောက်နေသော်လည်း သူ့ဘေးနားမှာတော့ ဘယ်သူမှ မရှိဘူး။ ဘယ်လိုလူမျိုးက သူ့အနားကပ်ရဲမှာလဲ။ သူကလည်း ဒီလိုပဲ ဖြစ်စေချင်တာလေ။ သူတစ်ယောက်တည်းဆိုရင် ကိစ္စမရှိပေမယ့် သူ့လက်ထဲက မြေခွေးလေးကိုတော့ လူပိမခံနိုင်ဘူးလေ။ သူ့ကိုယ်ပေါ်က အမွေးလေးတစ်ပင် ကျွတ်သွားရင်တောင်မှ ကျောက်ရွှမ်က နေ့တစ်ဝက်လောက် နေမထိထိုင်မထိ ဖြစ်နေရော။

ကျိုးယွင်ရှန့်က သူ့ချစ်သူအင်္ကျီရင်ဘတ်ထဲမှာ သက်တောင့်သက်သာ အနားယူနေတယ်။ သူ့ခေါင်းလေးနဲ့ ရှေ့ခြေတစ်စုံပဲ အပြင်ထွက်နေတာ။ သူက အမြင့်မှာ ချိတ်ဆွဲထားတဲ့ ငှက်လှောင်အိမ်တွေနဲ့ ငှက်အော်သံတွေကို ကြားတော့ ရှေ့နောက် လှုပ်စိလှုပ်စိ ဖြစ်လာရော။ တစ်ကိုယ်လုံးကလည်း ယားယံလာတယ်လို့ ခံစားရတယ်။ အထူးအဖြင့် လက်သည်းတွေပဲ။ သူက ပြေးဆင်းသွားပြီး တစ်ခါတည်း ကိုက်စားချင်စိတ် ပေါက်လာတယ်။ သူက သူ့စိတ်ကို (၁၅) မိနစ်လောက် ထိန်းချုပ်ပြီးတဲ့ အခါ ကျောက်ရွှမ်က နောက်တစ်ကြိမ် ငှက်လှောင်အိမ်ရှေ့က ဖြတ်လျှောက်ပြန်တယ်။ နောက်ဆုံးမှာ သူက ချုပ်တည်းထားရလွန်းလို့ ခြေကုန်လက်ပန်းကျသွားပြီး "အာ.....ဝူ" လို့ တစ်ချက်သာ အော်နိုင်ပြီး မှီချလိုက်တော့တယ်။

သူ့အင်္ကျီထဲက မြေခွေးလေးက ခေါင်းလေးကို ထုတ်ပြီး ဖြတ်ကျော်သွားတဲ့ ငှက်လှောင်အိမ်တွေကို သမင်လည်ပြန်လိုက်ကြည့်နေတယ်။ သူ့မျက်လုံးကြီးတွေက လိုချင်လွန်းလို့ တစ်လက်လက်ဖြစ်တာ။ ကြည့်လေ ချစ်စရာကောင်းလေပဲ။ ကျောက်ရွှမ်က အကျယ်ကြီး အော်ရယ်မိတော့မလို့။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now