အပိုင်း (၁၈)

1.3K 121 2
                                    

အပိုင်း (၁၈)

အိုးရန်မင်ယွဲ့က ကိုယ့်မျက်လုံးတွေကိုတောင် မယုံကြည်တဲ့သဘောနဲ့ နေရာမှာကျောက်ချ ရပ်နေမိတယ်။ ယမ်းပေါက်ကွဲအားက မော်ဒန်ခေတ်လို သိပ်မကောင်းလှပေမယ့် သူမက ပြန်လည်မွမ်းမံထားတာကြောင့် စွမ်းအားက အတော်အသင့်ရှိတယ်။ လူ့လက်ဖဝါးကို မဖောက်ထွင်းနိုင်ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီပြိုင်ဘက်က ဘယ်လောက်တောင်စွမ်းအားကြီးလို့တုန်း။

အချိန်အတော်ကြာတဲ့အထိ သူမက သတိပြန်လည်မလာနိုင်သေးဘူး။ သူမရှေ့က အပူအပန်ကင်းပုံရတဲ့ ယောကျ်ားကို မျက်လုံးပြူးပြီးကြည့်နေမိတယ်။ သူမရင်ထဲက အကြောက်တရားက ပျံ့နှံ့လာတယ်။ ကျည်ဆံတောင်မတိုးတဲ့ ဒီယောက်ျားကို ဘယ်လက်နက်နဲ့ ဖျက်ဆီးလို့ရမှာလဲ။ အစောတုန်းကတွေးခဲ့တဲ့ 'အသုံးချပြီးစွန့်ပစ်လိုက်မယ်' ဆိုတဲ့အတွေးက ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံးဟာသပြက်လုံးတစ်ခုမှန်း အခုတော့သူမ သိလိုက်ပါပြီ။

ကျည်ဆံနဲ့ဖျက်ဆီးလို့မရတဲ့ မိစ္ဆာတစ်ကောင်လိုပြိုင်ဘက်ကို သတ်ဖို့ရာ သူမမှာဘာပါဝါမှမရှိဘူး။ သူ့ကိုတိုက်ခိုက်ဖို့ ဘာလက်နက်ကို အသုံးပြုနိုင်မှာလဲ။ သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ ဘယ်လိုကြိုးစားရမှာလဲ။ ကြောက်ရွံ့ခြင်းက အိုးရန်မင်ယွဲ့ရဲ့ရင်ဘတ်ထဲ အနက်ရှိုင်းဆုံးအထိ ထိုးဖောက်ဝင်ရောက်လာတယ်။ သူမ ဘယ်လိုရုန်းထွက်ရမယ်မှန်း မသိတော့ဘူး။

သူမ အခုနောင်တရနေပါပြီ။ ကိုယ့်ကိုကိုယ် အထင်ကြီးပြီး ရန်သူကို လျှော့တွက်မိတာကို နောင်တရနေပါပြီ။ အကယ်၍ ရှစ်ကျန့်ဝမ်က သူမ ပေးတဲ့လက်ဆောင်ကို လိုချင်ရင် သူမကိုဖမ်းထားပြီး အသုံးချနိုင်တယ်။ အကယ်၍ လက်ဆောင်ကို သဘောမကျရင်တော့ သူမအဖြစ်က ဒီ့ထက် ပိုဆိုးသွားမှာ။ အခြားသူတွေဆီ ပေါက်ကြားမှုမရှိအောင် သူမကို ကြက်ကလေးငှက်ကလေးသတ်သလို ချက်ချင်းသတ်ပစ်လိုက်မှာပဲ။

ဒါပေမယ့် ယမ်းမှုန့်ရဲ့တန်ဖိုးကို ဘယ်သူက သဘောမကျဘဲ နေမှာလဲ။ ဒါက သူမကိုလှည့်စားဖို့ကြိုးစားတဲ့ ပြကွက်တစ်ခု ဖြစ်ရင်ဖြစ်မှာ။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Kde žijí příběhy. Začni objevovat