အပိုင်း (၂၂) ဇာတ်သိမ်းပိုင်း

522 74 0
                                    

Unicode

အပိုင်း (၂၂) ဇာတ်သိမ်းပိုင်း။

(ကြိုတင်သတိပေးချက်..... တစ်ရှူးစလေး ဘေးနားမှာမရှိရင် အရင်သွားယူလိုက်ပါဦး၊ ပြီးတော့ ဇာတ်သိမ်းသွားတဲ့အခါ ယူတို့ခံစားရတဲ့ ခံစားချက်လေးတွေ သိချင်ပါတယ်၊ အပန်းမကြီးရင် ချရေးသွားဖို့ အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်၊ ကိုယ့်ခံစားချက်ကို အရင်ပြောရမယ်ဆိုရင်တော့ ကျိုးကျိုးလိုမြေခွေးလေးတစ်ကောင် ဘယ်သူ့ဆီက သွားပူဆာရမယ်မှန်း မသိတော့တာပဲရှင်)

ဒီနေ့မှာ မြေခွေးလေးကို လက်ဆွဲပြီး အပန်းဖြေခရီးထွက်နေခဲ့တဲ့ ရှစ်ကျန့်ဝမ်က အိမ်တော်ကိုပြန်ရောက်လာတယ်။ သူတို့က အိမ်တော်ထဲဝင်ပြီး ပစ္စည်းတွေချတုန်းရှိသေးတယ်၊ ကျောက်ကျုံးကျန်းက နန်းတွင်းထဲ အခေါ်တော်ရှိလေတယ်။

ဒါကထောင်ချောက်တစ်ခုဆိုတာ သံသယဖြစ်စရာမလိုပေမယ့် ဒီခင်ပွန်းမောင်နှံအတွဲကတော့ လုံးဝ စိတ်မပူဘူး။ သူတို့က ရေချိုးသန့်စင်ပြီး ရထားလုံးနဲ့ နန်းတော်ဆီချီတက်ခဲ့ကြတယ်။ သူတို့နှစ်ယောက်က တော်ဝင်ဥယျာဉ်ထဲကိုဝင်လာတဲ့အခါ ကျောက်ကျုံးကျန်းနဲ့အိုးရန်မင်ယွဲ့က ဥယျာဉ်အလယ်မှာ ထိုင်နေရင်း ပန်းတွေကိုရှုစားနေကြတာကို တွေ့လိုက်တယ်။ ဘေးနားမှာက အခြားမိဖုရားတွေနဲ့ အထက်တန်းစားမိန်းမပျိုတွေဝန်းရံပြီးတော့ပေါ့။ သူတို့အကုန်လုံးက ရယ်မောပျော်ရွှင်နေကြပြီး စကားတွေဖောင်ဖွဲ့နေကြတယ်။ မြင်ကွင်းက တကယ့်ကိုစိတ်ကြည်နူးဖွယ်ပဲ။

ကျောက်ရွှမ်နဲ့ ကျိုးယွင်ရှန့်က အရိုအသေပေးလိုက်ကြပေမယ့် ဒူးတော့မထောက်ကြဘူး။ သူတို့က လက်နှစ်ဖက်ကို ရှေ့ဘက်မှာယှက်ရင်းသာ သာမန်ကာလျှံကာ နှုတ်ဆက်လိုက်ကြပြီး ကျောက်ကျုံးကျန်းကို ဒေါသထွက်သွားစေတယ်။ ဒါပေမယ့် စစ်မက်အင်အားက ပြိုင်ဘက်ရဲ့လက်ထဲမှာ ရှိနေတာလေ။ ဒါကြောင့် သူက ဒီလောက်သည်းခံပြီး မျက်နှာသာပေးနေရတာ။ သူက ဂရုမစိုက်ချင်ယောင်ဆောင်လိုက်ပြီး လက်တွေကို ဝှေ့ယမ်းလိုက်တယ်။ ပြီးတော့ နှစ်ယောက်အတွဲကို ထိုင်ခိုင်းလိုက်လေတယ်။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now