အပိုင်း (၆.၁)

1.2K 119 2
                                    

အပိုင်း (၆.၁)

အိုးရန်မင်ယွဲ့က သူမရဲ့ ကျောက်စိမ်းလို ဖြူဖွေးနေတဲ့လက်တွေကို စိုက်ကြည့်ရင်း အသံထွက် ရယ်မောနေတယ်။ လေတစ်ချက်တိုက်ရုံနဲ့ ကွဲကြေသွားနိုင်တယ့် ဒီလက်ကလေးတွေက ကြောက်စရာအကောင်းဆုံး လက်နက်တွေ ဖြစ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ သူမက ရှေးခေတ်ကို ကူးပြောင်းလာခဲ့ပေမယ့် သူမရဲ့ စွမ်းရည်တွေက ရှိနေသေးတယ်။ အသိဉာဏ်ပညာတွေလည်း ရှိနေသေးတယ်။ သူမရဲ့ ထက်ရှတဲ့ မျက်လုံးတစ်စုံလည်း ရှိသေးတယ်။ ဒါကြောင့် သူမ မလုပ်နိုင်တာ ဘာမှမရှိဘူး။ သူမက ရှေးခေတ်ကမိန်းမ မဟုတ်ဘူး။ ဒါကြောင့် အရေးမပါတဲ့ ဓလေ့ထုံးစံတွေ၊ ဂုဏ်သိက္ခာတွေ လိုက်နာ မနေနိုင်ပါဘူး။

အိုးရန်မင်ယွဲ့က ဒီကမ္ဘာရဲ့ ဇာတ်လိုက်ဖြစ်လာတာ အလကားတော့ မဟုတ်ဘူး။ သူမက လျင်လျင်မြန်မြန်ပဲ ကောင်းမွန်တဲ့အနေအထား ပြန်ရောက်လာတယ်။

သူမရဲ့ ဆိုးရွားတဲ့ အဖေနဲ့အဘိုးက အခု သူမကို ဂရုမစိုက်တော့ဘူး။ မိထွေးကလည်း ဖြတ်တိုက်သွားတဲ့ လေလိုပဲ မရှိသယောင် သဘောထားတော့တယ်။ ဒါကြောင့် သူမက ပိုပို လွတ်လပ်လာတယ်။ တစ်ခါတစ်ရံ ယောက်ျားလေးအဝတ်တွေကို ဝတ်ပြီး မြို့ထဲ လျှောက်သွားကာ စီးပွားရေးအခွင့်အလမ်းတွေ ရှာလေတယ်။

အဆက်အသွယ်တွေ၊ ပါဝါတွေ၊ အာဏာတွေ ရဖို့ အချိန်အချို့လိုအပ်ပေမယ့် ငွေကတော့ အခုရှာ အခုရတယ်လေ။

သူမက ပထမဆုံး အလှပြင်ပစ္စည်းဆိုင်ဖွင့်တယ်။ ပြီးတော့ ကုန်စုံဆိုင်ဖွင့်တယ်။ ဒီလိုနဲ့ သူမက တိုင်းပြည်ရဲ့ အချမ်းသာဆုံး ကုန်သည် ဖန်းဝေထုံနဲ့ သိကျွမ်းခဲ့တယ်။ ပြီးတော့ သူမရဲ့ အရင်က ခင်ပွန်းလောင်း ပိုင်လျန်ကိုရောပဲ။

နောက်မှာတော့ သူမရဲ့ ရက်ရောမှု၊ ရဲရင့်မှု ၊အရည်အချင်း နဲ့ ဉာဏ်ပညာတွေနဲ့ ထိုသူနှစ်ယောက်ကို လုံးဝစွဲလမ်းနေအောင် ပြုလုပ်ထားနိုင်ခဲ့တယ်။

အိုးရန်မင်ယွဲ့က လက်ထပ်ဖို့အတွေးကို စွန့်လွတ်ခဲ့တာ ကြာပြီ။ သူမက ပိုက်ဆံရှာပြီး အိုးရန်အိမ်တော်က ထွက်သွားကာ တစ်ကိုယ်တော် ရွက်လွှင့်ချင်တာပဲ သိတော့တယ်။ ဒါမှ နောင်အနာဂတ်မှာ သူမဖြစ်ချင်သလို ယောက်ျားတွေများများနဲ့ တွေ့ဆုံနိုင်မှာလေ။ ပြီးတော့ ဖန်းဝေထုံနဲ့ ပိုင်လျန်က သန်မာပြီး ချောမောတဲ့ အရည်အသွေးမြင့် ယောကျ်ားကောင်းတွေဆိုတော့ သူမက တစ်ယောက်မှ လက်လွတ်မခံနိုင်ဘူးလေ။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Opowieści tętniące życiem. Odkryj je teraz