အပိုင်း (၉)

1.2K 154 2
                                    

အပိုင်း (၉)

ကျောက်ရွှမ်ရဲ့ ပူပန်ပြီး စိတ်ဓါတ်ကျမှုတွေက မြေခွေးလေးရဲ့ အကျိုးဆောင်မှုတွေကြောင့် တဖြည်းဖြည်း လျော့ပါးသွားတယ်။

သူက အပြစ်ပေးတဲ့အနေနဲ့ တင်ပါးလေးကိုနှစ်ချက်ရိုက်လိုက်ပြီး ဂူရှိရာသို့ ပြန်လျှောက်လာတယ်။

ကျိုးယွင်ရှန့်က ဒါကို သဘောမတူဘူး။ ခြေလေးချောင်းစလုံးနဲ့ တွန်းထိုးရုန်းကန်လိုက်ပြီး ခေါင်းသေးသေးလေးက မြေပြင်ပေါ် ထိုးဆင်းဖို့ ကြိုးစားနေတယ်။ သူ့မှာတော့ ရှိသမျှ အစွမ်းအကုန်ထုတ်ပြီး ညစာကို ရှာဖွေလာရတာ။ ဂုဏ်ပြုဆုပေးသင့်တာပေါ့ ဆိုတဲ့ ပုံစံနဲ့ ကျောက်ရွှမ်ကို သတိပေးနေတယ်။

သူ့တစ်ကိုယ်လုံးက နူးညံ့ပြီး ဖြူဖွေးနေတော့ အမဲလိုက်ရာမှာ အခက်အခဲရှိတယ်။ ညအချိန် အမှောင်ထဲမှာတောင် သူက ထင်သာမြင်သာရှိနေတော့ တိရစ္ဆာန်သေးသေးလေးတွေတောင် အနားကပ်မခံဘဲ ထွက်ပြေးသွားကြတယ်။ အကြိမ်ရေတော်တော်များများ ကျရှူံးပြီးနောက်မှာတော့ မတတ်နိုင်တော့ဘဲ ကိုယ်ခန္ဓာကို ဖုံးကွယ်ဖို့ မြက်ပင်တွေနဲ့ ဖုန်တွေသဲတွေကြားထဲကို လူးလိမ့်လိုက်ရတယ်။ ဒီလိုလုပ်မှပဲ သူက တောကြက်တစ်ကောင်ကို ဖမ်းမိခဲ့တာလေ။

သူ့ချစ်သူက ဒဏ်ရာရထားတာ။ ဒါကြောင့် အားမြန်မြန်ပြန်ဖြည့်ဖို့ ကောင်းကောင်းစားဖို့ လိုအပ်တယ်။

ကျောက်ရွှမ်က မြေခွေးလေးထက်တောင် ကြီးနေတဲ့ ဖမ်းလာတဲ့ သားကောင်ကို တစ်ချက်ကြည့်လိုက်တယ်။ " မင်းထွက်သွားရတယ့် အကြောင်းရင်းက ကိုယ်စားဖို့ တစ်ခုခု ရှာပေးဖို့လား"

ကျိုးယွင်ရှန့်က "အာ.. ဝူ.." လို့ အော်လိုက်ပြီး ရင်ဘတ်လေးကို ကော့ပြလိုက်တယ်။

သူက ဘာမိစ္ဆာစွမ်းအားမှ မရှိတဲ့ သာမန်မြေခွေးတစ်ကောင်ဖြစ်နေတာလေ။ ပြီးခဲ့တဲ့ ဘဝတုန်းကလိုပဲ သူက ဘာမှမလုပ်နိုင်ဘဲ သူ့ချစ်သူရဲ့ ကာကွယ်မှုအောက်မှာပဲ ပုန်းနေနိုင်တာ။ (Note..အရင် Arc ကို ပြောချင်ဟန်ရှိပါတယ်) ဒါက သူ့ကို အရှက်ရစေပြီး အသုံးမကျဘူးလို့ ခံစားရစေတယ်လေ။ သူ့ချစ်သူက တွေဝေတုန့်ဆိုင်းခြင်း နည်းနည်းလေးတောင် မရှိဘဲ သူ့အတွက်နဲ့ ကျောက်ဆောင်ပေါ်က ခုန်ချနိုင်သေးတာ။ အပြန်အလှန် အနေနဲ့ သူက ညစာစားဖို့ ကြက်တစ်ကောင်ပဲ ယူလာပေးနိုင်တာလေ။ ဒါက မလုံလောက်သေးပါဘူး။ သူသာ လူပုံပြောင်းနိုင်ပြီဆိုရင် သူ့ဘဝနဲ့ ခန္ဓာကိုယ်ကို သူ့ချစ်သူအတွက်ပဲ မြှပ်နှံထားတော့မှာ။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now