အပိုင်း(၁၆)

1.4K 125 1
                                    

အပိုင်း(၁၆)

(Warning!!! ........ လူရှေ့သူရှေ့တွင် မဖတ်ရ။ အခန်းထဲဝင်၊ လော့ခ်ချ၊ စောင်ကိုခြုံ၊ ပြီးမှဖတ်။.......စောင်.. ခြုံယုံမကလို့ ကိုက်ထားလည်းရတယ်နော်၊ ပြီးတော့ အရေးအသားတွေ အရမ်းတဲ့တိုးဆန်နေရင် ခွင့်လွတ်...)

ကျိုးယွင်ရှန့်က နှစ်နာရီလုံးလုံး အိပ်နေခဲ့တယ်။ အိပ်ရာက နိုးလာလာချင်းပဲ သူက ပြတင်းပေါက်နားကို လျှောက်သွားလိုက်ပြီး အပြင်ဘက်က ကောင်းကင်ကြီးကို ကြည့်လိုက်တယ်။ ပြီးတော့ မေးလိုက်လေတယ်

"ဝမ်ရယ်က ကျွန်တော့်ဆီ ဘယ်အချိန်မှလာမှာလဲ"

တံခါးအပြင်ဘက်မှာ စောင့်နေတဲ့ဝမ်ပေါင်က ချက်ချင်းအခန်းထဲကို ပြေးဝင်လာပြီး သခင်လေးကို အင်္ကျီကူဝတ်ပေးနေတယ်။ သူက ပြုံးပြီး ပြန်ဖြေတယ် "အခုက ညနေရောက်နေပြီဆိုတော့ ဝမ်ရယ်ရဲ့နန်းတွင်းကိစ္စတွေ ပြီးလောက်ပါပြီ၊ ခဏလောက်စောင့်ပါဦး၊ ကျွန်တော်မျိုးနန်းတွင်းကို လူလွှတ်ပြီးမေးခိုင်းလိုက်ပါ့မယ်"

"မြန်မြန်သွားခိုင်းလိုက်" ကျိုးယွင်ရှန့်က စိတ်မရှည်စွာပြောလိုက်တယ်။

အဝတ်အစားဝတ်ဆင်လို့ပြီးတဲ့အခါ သခင်နဲ့ အစေခံနှစ်ယောက်သားက ပင်မဆောင်ဘက်ကို ဦးတည်ပြီးလျှောက်လာကြတယ်။ သူတို့က လမ်းခရီးရဲ့တစ်ဝက်မှာပဲရှိသေးတယ်၊ ဟိုအဝေးမှာ ရွှေရောင်ဝတ်စုံကြီးနဲ့ ရှစ်ကျန့်ဝမ်က သူတို့ဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာတာ တွေ့လိုက်တယ်။ ဘေးနားမှာကတော့ ရိုသေလေးစားတဲ့အမူအရာနဲ့ ဝမ်ချီရန်လေ။

ဝမ်ချီရန်က သူ့ကို သဲနမူနာပုံစံအကြောင်းပြောပြနေတာ။ သူကဒါကို အကြံဉာဏ်ကောင်းလို့ တွေးနေတယ်။ နယ်စပ်ကိုလူလွှတ်ပြီး မြေပြင်အနေအထားတွေ မှတ်တမ်းလုပ်ထားရင် ပိုကောင်းလာနိုင်မယ်လေ။

ကျောက်ရွှမ်က မော်ဒန်ခေတ်ကလူ မဟုတ်ပေမယ့် "သဲနမူနာ"ဆိုတဲ့စကားလုံးကိုတော့ ရင်းနှီးနေပြီး တည်ဆောက်ပုံကိုလည်း အလိုလိုသိနေတာကြောင့် အကြံဉာဏ်အချို့တောင် ပေးလိုက်သေးတယ်။

ကျောက်ရွှမ်က လမ်းလျှောက်လာတုန်းမှာပဲ လေပွေတစ်ခုက ရုတ်တရက်တိုက်လာပြီး နွေးထွေးတဲ့ကိုယ်ခန္ဓာတစ်ခုက သူ့လက်မောင်းတွင်းကို ခုန်ပျံဝင်လာတယ်။ ပိန်သွယ်တဲ့လက်နှစ်ဖက်က သူ့လည်ပင်းကို တင်းကျပ်စွာရစ်ပတ်ထားပြီး ရှည်သွယ်တဲ့ ခြေတံနှစ်ဖက်ကတော့ သူ့ခါးပတ်လည်ကို ကုတ်တွယ်ထားလေတယ်။ သူ့ကို မျှော့တွယ်သလို တွယ်ဖက်ထားတာကတော့ ပတ်တီးနဲ့ တင်းတင်းကျပ်ကျပ်စည်းထားသလိုပဲ။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now