အပိုင်း(၃.၃)

1.1K 136 1
                                    

အပိုင်း(၃.၃)

ကျောက်ရွှမ်က သူ့ကို ကောက်ချီပြီး နှာခေါင်းစိုစိုလေးကို နမ်းလိုက်တယ်။ "မကြောက်နဲ့ ၊ ကိုယ်အနားမှာ ရှိတယ်" သူက ညင်ညင်သာသာလေး ပြောလိုက်တယ်။

သူ့နှလုံးသားထဲက ခံစားချက်တွေက ဖိနှိပ်ထားလို့ မရတော့ဘူး။ ကျိုးယွင်ရှန့် မျက်လုံးတွေနီလာပြီး ငိုတောင်ငိုမိတော့မလို့။ သူ့ရဲ့ ကြီးမားတဲ့ ပယင်းရောင်မျက်ဝန်းတွေက တဖျတ်ဖျတ်တောက်ပလို့ပေါ့။

ကျောက်ရွှမ်က မြေခွေးလေးရဲ့ မျက်ဝန်းတွေကို သေလောက်အောင်ချစ်တယ်။ အထူးအဖြင့် သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေတဲ့ အချိန်မျိုးမှာပဲ။ ဒီခံစားချက်က ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံးရတနာတစ်ခုကို ရလိုက်သလိုမျိုးပဲ။ သူက ခေါင်းငုံ့လိုက်ပြီး မြေခွေးလေးကို အနမ်းမိုးတွေ ရွာချပေးလိုက်တယ်။ သူစိတ်လှုပ်ရှားတာတွေ ငြိမ်သွားမှပဲ စာရွက်အသစ်တစ်ရွက်ကို ထုတ်ကာ လီဝိန်ဟန့်ရဲ့ ခွင့်ပြုမိန့်ကို ပြန်ရေးလေတယ်။ ထိုသူရဲ့ စွမ်းရည်၊ အရည်အချင်းတွေ၊ အောင်မြင်မှုတွေကြောင့် မြှောက်စားသင့်တယ်လို့ သူကယုံတယ်လေ။

ကျိုးယွင်ရှန့်ရဲ့ ပြန်ကောင်းလာတဲ့ စိတ်ကလေးဟာ လှိုင်းလုံးနဲ့အတူ နောက်တစ်ကြိမ်မျောပါသွားသလိုပဲ။ သူက ကျောက်ရွှမ်ရဲ့ မျက်နှာကို နောက်တစ်ကြိမ် ကုတ်ဆွဲချင်လာတယ်။ လက်မောင်းထဲက ခုန်ထွက်ပြီး စာရွက်ကို သွားတွေနဲ့ ကိုက်ပြန်ရော။ မခြောက်သေးတဲ့မှင်တွေက နေရာအနှံ့ကို ပျံ့သွားပြီး ကျောက်ရွှမ်ရဲ့ အင်္ကျီလက်ကို စွန်းသွားသေးတယ်။

"ဘာဖြစ်လို့လဲ ဒီနေ့ စာရွက်တွေနဲ့ ရန်ဖြစ်နေတာလား၊" ကျောက်ရွှမ်က ထရယ်လိုက်ရော။ သူက ဝမ်ပေါင်ကို လက်ယပ်ခေါ်လိုက်တယ်။ "ယွိလီ ကစားဖို့ စာရွက်နည်းနည်းလောက်သွားယူခဲ့"

ဝမ်ပေါင်ရဲ့ မျက်ခုံးက မြင့်တက်သွားတယ်။ ဒီမြေခွေးမိစ္ဆာလေးနဲ့ တွေ့ပြီးကတည်းက သူ့အရှင်ရဲ့ အပြုအမူတွေက စည်းဝါးမကိုက် ဖြစ်လာတယ်လို့ ခံစားရတယ်။ ဒါပေမယ့် သူက မငြင်းပယ်ရဲတော့ စာရွက်တစ်ထပ်ကို ယူပြီး စားပွဲပေါ်တင်ပေးလိုက်တယ်။ (T/N အဲခေတ်က စာရွက်က အလွန်တန်ဖိုးကြီးပြီး နန်းတွင်းအစီရင်ခံစာ ရေးရာမှာပဲ သုံးလို့ပါ)

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Onde histórias criam vida. Descubra agora