အပိုင်း (၃.၁)

1.1K 125 1
                                    

အပိုင်း (၃.၁)

ကျိုးယွင်ရှန့်က နိုးလာတယ့် အချိန်မှာ ရွှေရောင်အိပ်ယာကြီးပေါ်မှာ လဲလျောင်းနေကြောင်း သိရှိလိုက်တယ်။ တစ်ကိုယ်လုံးက အမွေးတွေအားလုံးလည်း နူးညံ့ပြီး မွှေးပျံ့နေတယ်။ သူ့ကို သန့်ရှင်းရေးလုပ်ပေးထားတယ်ဆိုတာ သေချာတယ်။ သူက ထလိုက်ပြီး အိပ်ရာအစွန်းကို သွားလိုက်တယ်။ ချီတစ်ဝက်တောင်မရှိတဲ့ သူ့လို အကောင်သေးလေးအဖို့ တစ်မီတာမြင့်တဲ့ အိပ်ယာဆိုတာ နက်စောက်တဲ့ ကျောက်ဆောင်လိုပဲ။ ယွိလီရဲ့ကိုယ်က ထိခိုက်ထားပြီး အားနည်းနေသေးတော့ မခုန်ချရဲပြန်ဘူး။ ပါးစပ်ကိုဟပြီး အော်ပဲ အော်နေလိုက်တော့တယ်။

"နိုးပြီလား။ ဘာလို့ ဝံပုလွေတွေလို အူနေတာတုန်း" ကျောက်ရွှမ်က ဘေးဘက်ခန်းမှာ နန်းတွင်းအစီရင်ခံစာတွေကို ကြည့်ရှုနေတာ။ အသံလည်းကြားရော ချက်ချင်းဝင်လာပြီး မြေခွေးလေးကို ကောက်ချီလိုက်တယ်။ စိုထိုင်းထိုင်းဖြစ်နေတယ့် နှာခေါင်းလေးကိုလည်း ပွတ်ပေးလိုက်တယ်။

ကျိုးယွင်ရှန့်က ငြိမ်ငြိမ်လေးဇိမ်ခံလိုက်ရင်း လက်ဖျားထိပ်လေးကိုတောင် လျက်ပေးလိုက်သေးတယ်။ ပြီးတော့ ကျောက်ရွှမ် အင်္ကျီကို လှမ်းဆွဲလိုက်ရင်း နေသားကျနေသလိုမျိုး ရင်ဘတ်ထဲကို တိုးဝင်သွားတယ်။ ကျောက်ရွှမ်က ပြုံးဖြီးဖြီးနဲ့ ခပ်တင်းတင်း တိုးထည့်လိုက်ရင်း ဒီဘက်အခန်းကို ပြန်လျှောက်လာတယ်။

"ကိုယ် မင်းကို သန့်ရှင်းရေးလုပ်ပေးနေတုန်းက မင်းက သိပ်အားနည်းနေတာ ကိုယ်သိလိုက်တယ်။ အမွေးတွေအောက်မှာ ရှိတာက အသားမဟုတ်ဘူး၊ အရိုးချည်းပဲ။ အဲဒိမိန်းမ အိုးရန်မင်ယွဲ့က မင်းကို ဂရုမစိုက်ဘူး၊ ဟုတ်တယ် မဟုတ်လား။" သူကပြောနေရင်းနဲ့ ဒေါသတွေ ထွက်လာရော။ ဒါပေမယ့် မြေခွေးလေးကို လှန့်သလိုဖြစ်သွားမှာစိုးလို့ လေသံပြန်လျော့လိုက်ရတယ်။

"အခုလေးတင် မင်းအိပ်မောကျနေတုန်း နန်းတွင်းသမားတော်လာပြီး ကြည့်သွားတာ။ သူကပြောသွားတယ် မင်းက အတွင်းဒဏ်ရာ ရနေတာတဲ့။ ကောင်းကောင်းအနားယူဖို့ လိုတယ်တဲ့။ သေချာ လိုက်နာရမယ်နော်။ နောက်ကျရင် ကိုယ်လက်ပေါ်က လွဲပြီး မင်းကို ဘယ်မှသွားခွင့် မပြုဘူး။ ကစားချင်ရင်တောင်မှ ကိုယ့်မျက်စိရှေ့မှာပဲ ကစားရမယ်၊ လျှောက်မပြေးရဘူး၊ အပြင်မှာက စိတ်ချရတာမဟုတ်ဘူး၊ မင်းရဲ့သားမွေးကလည်း တန်ဖိုးကြီးသေးတယ်၊ ကိုယ့်ဆီက ထွက်ပြေးရင် မင်းကို တစ်ယောက်ယောက်က ရောင်းစားလိမ့်မယ်" သူက စိတ်ရင်းလေးနဲ့ ဂရုတစိုက်ပြောလိုက်တယ်။ မြေခွေးလေးက နားမလည်ဘူးဆိုရင်တောင် သူက ဂရုမစိုက်ပါဘူး။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now