အပိုင်း(၆.၂)

1.2K 142 0
                                    

အပိုင်း(၆.၂)

အိုးရန်မင်ယွဲ့က လူအုပ်ကြားထဲမှာ ပုန်းကွယ်နေပြီး မြင့်မားပြီး ခန့်ညားတဲ့ ယောက်ျားကို တပ်မက်စိတ်တွေနဲ့ စိုက်ကြည့်နေတယ်။

ကျိုးယွင်ရှန့်မှာ အမြဲတမ်းသာလွန်ကောင်းမွန်တဲ့ ထိုးထွင်သိမြင်ဉာဏ်ရှိတယ်။ သူက အိုးရန်မင်ယွဲ့ကို အစောကြီးကတည်းက မြင်ပြီးနေပြီ။ ဒါပေါ့...... သူမမျက်လုံးထဲက လောဘအရိပ်အယောင်တွေကိုလည်း မျက်စိသျှမ်းမသွားပါဘူး။ သူမက သူ့ချစ်သူကို အမဲလိုက်ဖို့ သားကောင်ချောင်းသလိုမျိုး ချောင်းနေတာ သိတယ်။ တကယ့်ကို လေယူရာတိမ်းတဲ့ မိန်းမပါပဲ! (Note.. တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် မဟုတ်ဘူးလို့ပြောတာ)

သူ့ပါးစပ်သေးသေးလေးကနေ "ဟဲ..ဟဲ" ဆိုပြီးအသံ ထွက်လာတယ်။ သူ့ချစ်သူက ငုံ့လည်းကြည့်ရော မျက်နှာကို လက်သည်းနဲ့ လှမ်းကုတ်လိုက်လေတယ်။

"ဘယ်သူက စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ပြန်ပြီလဲ" ကျောက်ရွှမ်မျက်လုံးထဲက အလိုလိုက်ခြင်းနဲ့ ချစ်ခင်မြတ်နိုးခြင်းတို့က နွေဦးစမ်းရေလေးတွေလို တစိမ့်စိမ့် ထွက်ကျလာတယ်။ မှူးမတ်တွေအားလုံးက သူ့ရဲ့နောက်ထပ်ညွှန်ကြားချက်ကို စောင့်နေတာလဲ မြင်ရော သူက လက်ကိုမြှောက်ပြီး ပြောလိုက်တယ် "အမဲလိုက်ပွဲ စတင်ပြီ၊ အားလုံး ဆင်နွှဲခွင့်ပြုတယ်"

မှူးမတ်တွေက နာခံလိုက်ပြီး ဒူးထောက်ကာ သက်တော်ရာကျော်ရှည်ပါစေကြောင်း ဆုတောင်းကြတယ်။ ပြီးတော့ အလျှိုအလျှို ထွက်သွားကြလေတယ်။

ဧကရာဇ်ငယ်လေးနဲ့ သက်တူရွယ်တူ မျိုးရိုးမြင့် သခင်လေးတွေကတော့ တောအုပ်ထဲ လျင်လျင်မြန်မြန်ပဲ ဝင်ရောက်ပျောက်ကွယ်သွားလေတယ်။

"မြို့တော်ကနေ အမဲလိုက်ကွင်းကို ရောက်ဖို့ တစ်ရက်နဲ့တစ်ညကြာခဲ့တယ်။ ငါကိုယ်တော် အရေးမထားပေမယ့် လီအာပင်ပန်းမှာကိုတော့ စိုးရိမ်တယ်၊ ပြန်ပြီး အနားယူမယ်" သူက ရင်ဘတ်ထဲက မြေခွေးလေကို ဆွဲထုတ်ပြီး အမွေးလေးတွေကို ညင်ညင်သာသာလေး ပွတ်သတ်ပေးနေတယ်။ မြေခွေးလေးက အိပ်ပျော်တော့မလို ခေါင်းက ငိုက်ငိုက်ကျသွားတာမြင်တော့ သူ့နှလုံးသားလေးက တဆတ်ဆတ်ဖြစ်လာတယ်။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now