အပိုင်း (၅.၃)

1.1K 133 2
                                    

Unicode

အပိုင်း (၅.၃)

ဆိုင်ပိုင်ရှင်က တိတိကျကျ လမ်းညွန်ချက်မပေးလိုက်လေတော့ ပစ္စည်းပို့သူတွေက ဝမ်ရယ်အိမ်တော်မှာ နေထိုင်တဲ့ အမျိုးသမီးတွေအတွက်လို့ သဘာဝကျကျပဲ ထင်သွားကြတယ်။

ကျောက်ရွှမ်က အသက် (၂၇)နှစ်ရှိပြီး လက်ထပ်ဖို့ အမိန့်လည်း ရထားပြီးပြီ။ သူ့အိမ်တော်မှာ တရားဝင်ဇနီး (ဝမ်ဖေး) မရှိပေမယ့် အဆင့်မြင့်ကိုယ်လုပ်တော်(ချဲ့ဖေး)တစ်ယောက်နဲ့ ကိုယ်လုပ်တော်ငါးယောက် ရှိလေတယ်။ ဒီအမျိုးသမီးတွေအားလုံးက နိုင်ငံရေးအရ အုပ်စုမျိုးစုံက ဆက်သထားတာချည်းပဲ။ ဧကရာဇ်က ချီးမြှင့်ထားတာတောင် ပါသေးတယ်။ အကုန်လုံးက ရည်ရွယ်ချက်တွေ ကိုယ်စီနဲ့။ ကျောက်ရွှမ်က ဘယ်လိုအသုံးပြုရဲမှာလဲ။ သူလုပ်နိုင်တာတစ်ခုက သူမတို့ကို အိမ်ခန်းဆောင် တစ်ယောက်တစ်ဆောင်စီပေးပြီး အလှဆင်ပစ္စည်းလို မတို့မထိ ထားတာပဲ။

အရင်ဘဝကျောက်ရွှမ်ကတော့ သူ့ရဲ့လူပျိုဘဝကို အမျိုးသမီးဇာတ်လိုက်အတွက် ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။ ဒါက အမျိုးသမီးဇာတ်လိုက်အတွက် ကမ္ဘာကြီးက ပေးတဲ့ လက်ဆောင်မို့လို့ သဘာဝမကျဘူး၊ ယုတ္တိမရှိဘူးလို့ ပြောလို့မရဘူးပေါ့လေ။

ဝမ်ပေါင်က နှစ်ထောင်းအားရ ကျေနပ်ပီတိဖြစ်နေတဲ့ လင်ရွှယ်အာကို ကြည့်နေတယ်။ ပြီးတော့ မုန်တိုင်းဝင်တိုက်တော့မလို မည်းမှောင်နေတဲ့ မျက်နှာထားနဲ့ ရှစ်ကျန့်ဝမ်ကို ကြည့်လိုက်တယ်။ ချွေးစေးတွေက သူ့နဖူးက စိမ့်ထွက်လာသလိုပဲ။

ကျိုးယွင်ရှန့်က ရှစ်ကျန့်ဝမ်အိမ်တော်မှာ နေတာ ဆယ်ရက်၊ ရက်နှစ်ဆယ် လောက်ရှိပြီ။ ကျောက်ရွှမ်မှာ ကိုယ်လုပ်တော်မယားတွေ ရှိမှန်း သိကိုမသိဘူး။ သူက လင်ရွှယ်အာကို မြင်တော့ ကြက်သေသေပြီး ပတ်လည်မှာ အေးစက်စက် အငွေ့အသက်တွေ ထုတ်လွှတ်လိုက်တယ်။ သူ သတိပြန်ဝင်လာတဲ့အခါ ကျောက်ရွှမ်ရဲ့ လက်ခုံပေါ်ကို ဒေါသတကြီး ကုတ်ခြစ်ပါလေရော။

"လီအာ.. စိတ်ဆိုးနေတာလား၊ သဝန်တိုနေတယ်ပေါ့.."

တိရစ္ဆာန်လေးတွေက ဘယ်လောက်ပဲ ဉာဏ်ကောင်းကောင်း အနောက်ဆောင်က မိန်းမတွေလို အချစ်ခံရဖို့ တိုက်ခိုက်ကြတယ်ဆိုတာ မဖြစ်နိုင်မှန်း ကျောက်ရွှမ်သိပါတယ်။ မြေခွေးလေးက အိုးရန်မင်ယွဲ့ လက်ထဲမှာ အချိန်အကြာကြီးနှိပ်စက်ခံခဲ့ရတော့ လူစိမ်းတစ်ယောက်ကို တွေ့လို့ လန့်ဖြန့်သွားတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူက မြေခွေးလေးရဲ့ အပြုအမူကို သဝန်တိုလို့ဖြစ်တာလို့ လိုရာဆွဲတွေးပြီး ဘာသာပြန်လိုက်တယ်။ ဒီလိုမျိုးတွေးရတာ သူက သိပ်ပျော်တယ်လေ။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now