အပိုင်း (၇.၁)

1.1K 127 5
                                    

အပိုင်း (၇.၁)

"ကိုယ်..မင်းကို ဘာပြောထားသလဲဆိုတာ သတိရသေးရဲ့လား၊ ကစားချင်ရင် မျက်စိအောက်က ပျောက်မသွားရဘူးလို့လေ၊ စကားနားထောင်တယ်ဆိုပြီး ချီးမွမ်းတာမှ မကြာသေးဘူး၊ တစ်ချက်ကလေး လစ်လိုက်တာနဲ့ အမှားလုပ်တယ်၊ ရိုက်ခံရတော့မယ်" လူနှစ်ယောက် မြင်ကွင်းက ကွယ်ပျောက်သွားတာနဲ့ ကျောက်ရွှမ်က မြေခွေးလေးရဲ့ တင်ပါးကို အသံမြည်အောင် ခပ်ဆတ်ဆတ်ရိုက်လိုက်ပါရော။

ကျိုးယွင်ရှန့်က လက်မောင်းထဲကို တိုးဝင်သွားပြီး အမှားမလုပ်ထားတဲ့ပုံစံနဲ့ ကပ်ချွဲတဲ့အမူအရာလေး လုပ်လိုက်တယ်။ လက်သည်းလေးတွေနဲ့ ကျောက်ရွှမ်အင်္ကျီအနားစကို ဆွဲထားပြီး လုပ်နေကြအပြုအမူလိုမျိုး ရင်ဘတ်ထဲ ဝင်ပုန်းဖို့ ကြိုးစားတယ်။ ဒါပေမယ့် ကျောက်ရွှမ်က အမြီးလေးကို ဖမ်းယူလိုက်ပြီး အပြင်ကို ပြန်ဆွဲထုတ်လိုက်လေတယ်။

(Note ..အခုက စပြီးနောက်ပိုင်းက အပျော့စားဆင်ဆာပါ။ ကြိုက်လား မကြိုက်လား စမ်းဖတ်ကြည့်ပေါ့နော်၊ ကိုယ်ကတော့ တိရစ္ဆာန် sence တွေဆိုတော့ ကျောချမ်းတယ်၊ နောက်ပိုင်း Chapter အနည်းငယ်ကျော်လို့ လူဖြစ်ပြီးသွားရင် ပြီးပြည့်စုံတဲ့ ဆင်ဆာခန်း ပါလာမယ်နော်၊ အဲဒါ ဆင်ဆာဖြတ်လိုက်ရမလားဟင်၊ အခုတည်းက ကြိုမေးထားတာပါ။ ပြန်မဖြေကြရင်တော့ ဖြတ်ခိုင်းတယ်လို့ ယူဆလိုက်ပါ့မယ်နော်... :)

အမြီးဆိုတာ မြေခွေးမိစ္ဆာတွေအတွက် ခံစားလွယ်တဲ့နေရာပဲ။ ကျိုးယွင်ရှန့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ပျော့ခွေသွားတယ်။ သူက ညီးညူလိုက်ပြီး ဗိုက်သားတွေပေါ်အောင် ပက်လက်လှန်ချလိုက်တယ်။ ဒါက သူ့ကို ပွတ်ပေးစေချင်တယ်ဆိုတာ ရှင်းနေတာပဲ။ သူ့ရဲ့ စိတ်ဆန္ဒတွေက မဟားတရားကြီး ထိုးတက်လာတယ်။ ဒီကိုယ်ခန္ဓာက ငယ်လွန်းသေးလို့သာ.. မဟုတ်ရင်... ချက်ချင်းကြီး မာတောင့်လာနိုင်တယ်။

မြေခွေးမိစ္ဆာတွေက တဏှာရာဂကြီးတယ်လို့ လူတွေပြောကြတာ အထူးအဆန်း မဟုတ်ဘူး။ အလိမ်အညာလည်း မဟုတ်ဘူး။ အရင်ဘဝတုန်းက အိုးရန်မင်ယွဲ့ သူ့အမြုတေစားပြီး တစ်လမှာ ရက်အတော်ကြာ heat တက်နေတာ၊ အကြိမ်တိုင်း အကြိမ်တိုင်း ယောကျ်ားတွေ အများကြီးနဲ့ အသုံးတော်ခံတာကို တွေးမိပြီး ကျိုးယွင်ရှန့်က ကျောက်ရွှမ်ကို စိတ်ပူလာလေတယ်။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now