အပိုင်း (၁၇)

1.1K 136 1
                                    

အပိုင်း (၁၇)

ဖန်ဝေထုံကို လုပ်ကြံသတ်ဖြတ်လိုက်ပေမယ့် အိုးရန်မင်ယွဲ့ကတော့ စိတ်အေးလက်အေး ဖြစ်မသွားဘူး။ သူမက အိုးရန်အိမ်တော်နဲ့ မပတ်သက်လိုတာကြောင့် သူမမိခင်ရဲ့ ပစ္စည်းတွေကိုပဲအသုံးပြုခဲ့တယ်။ သူမက ပိုင်ဆိုင်မှုတွေအားလုံးကို ယုံယုံကြည်ကြည်နဲ့ ရင်းနှီးမြှပ်နှံခဲ့တယ်။ ဖန်ဝေထုံနဲ့တွေ့ပြီးနောက်ပိုင်းမှာလည်း ဖန်မိသားစုကို အမှီပြုပြီး အောင်မြင်တဲ့စီးပွားရေးတစ်ခု ဖြစ်လာခဲ့ပေမယ့် ဖန်မိသားစုကျရှုံးပြီးနောက်ပိုင်းမှာ သူမငွေတွေလည်း ပျောက်ဆုံးပြီး နေ့ချင်းညချင်း မွဲပြာကျသွားလေတယ်။

ဒါက အရင်တုန်းကဆိုရင်တော့ လျှော်ထားလို့ ရဦးမှာ။ ဘာပဲဖြစ်ဖြစ် အိုးရန်အိမ်တော်က သူမကို လစဉ်အသုံးစရိတ်ထောက်ပံ့သေးတယ်လေ။ ဒါပေမယ့် သူမက အင်အားကြီးလူသားဖြစ်ချင်တော့ အရည်အချင်းရှိလူငယ်တွေကို မွေးမြူထားတယ်။ ဒါကြောင့် သူမက မိဘမဲ့ကလေးတစ်ရာခန့်ကို ကျွေးမွေးထားရင်း ခြံဝင်းတစ်ခုထဲမှာ သီးခြားလေ့ကျင့်ပေးလေတယ်။ ဒါတွေအားလုံးကိုထိန်းသိမ်းဖို့ များပြားတဲ့ငွေကြေးလိုအပ်တယ်။ ငွေသာမရှိတော့ရင် သူမအပင်ပန်းခံထားရတာတွေအားလုံး အချည်းနှီးဖြစ်သွားမှာ။

ဘာလုပ်ရပါ့မလဲ၊ သူမက ခေါင်းကွဲမတတ်စဉ်းစားနေရင်း ရက်ပိုင်းအတွင်းမှာပဲ အားအင်ချည့်နဲ့ပုံပေါက်လာလေတယ်။ ကံကောင်းသေးတာက ဖန်ဝေထုံအပြင်သူမမှာ အခြားယောကျ်ားအချို့နောက်ခံရှိသေးတာပဲ။ ထိုသူတွေဆီက ညှစ်ထုတ်ရင်း ရက်အနည်းငယ် ခံသာသေးတယ်လေ။ ဒါပေမယ့် ရေရှည်မှာ ဘယ်ခံနိုင်မှာလဲ။

"သခင်မလေး.. ဒီလအတွက်မီးသွေးတွေကုန်သွားပြီး နောက်ထပ်ဝယ်မှရတော့မှာပါ၊ အိမ်တော်က ငွေတွေကုန်သွားပြီလို့ အခုပဲအိမ်တော်ထိန်းက အကြောင်းကြားလာပါတယ်၊ ကလေးတွေက နေ့တိုင်း ဆန်ပြုတ်အနည်းငယ်ပဲသောက်နေရပြီး ဗိုက်ဆာလို့အော်ငိုနေကြပါတယ်၊ မြန်မြန်ဖြေရှင်းပေးမှ ရမယ်လို့ပြောပါတယ်" အစေခံမိန်းမတစ်ယောက်က ဒူးထောက်ရင်းပြောလေတယ်။

အိုးရန်မင်ယွဲ့က ထိုင်ခုံပေါ်မှီထားပြီး နားထင်ကိုပွတ်နေတယ်။ လက်တစ်ဖက်က စားပွဲကို ခေါက်နေပြီး စိတ်မရှည်တဲ့အသံနဲ့ ပြောလိုက်တယ် "ဗိုက်ဆာလို့သေတော့မယ်ပေါ့၊ ဟင်း... လမ်းမပေါ်မှာ တောင်းစားနေရတဲ့ မိဘမဲ့တွေကများ၊ တစ်နေ့လုံးနေမှ စွတ်ပြုတ်တစ်ပန်းကန်မပြောနဲ့ လေးငါးရက်လောက်နေမှ ပေါက်စီတစ်လုံးစားရပြီးတော့၊ အခုမှ ဟိုဟာ ဒီဟာဆိုပြီးချေးများမနေနဲ့လို့ ပြောလိုက်" သူမက ခဏလောက်စဉ်းစားပြီးတော့ လက်တွေကို ဝှေ့ယမ်းလိုက်တယ် "ငွေတုံးအနည်းငယ်ပို့ပေးမယ်လို့ အိမ်တော်ထိန်းကို ပြောလိုက်ချည်၊ ရက်အနည်းလောက်တောင့်ခံထား၊ ဆူညံပွက်လောရိုက်တာတွေလည်း မကြားချင်ဘူးလို့၊ ဒီ..ငွေတုံးငါးဆယ်က မင်း..မီးသွေးဝယ်ဖို့၊ မပူပါနဲ့ ဒီအကျပ်အတည်းက လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုခုရှိမှာပါ၊ သွားသွား... မြန်မြန်သွား.. မြန်မြန်ပြန်ခဲ့.."

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Wo Geschichten leben. Entdecke jetzt