အပိုင်း(၃.၄)

1.1K 167 4
                                    

အပိုင်း(၃.၄)

ရှစ်ကျန့်ဝမ်ရဲ့ စေခိုင်းချက်အရ များစွာသော မှူးမတ်တွေက လီဝိန်ဟန့်ရဲ့ အပြစ်တွေကို တင်လျှောက်ကြလေတယ်။ သူက လိမ်လည်လှည့်ဖျားတတ်တဲ့ အပြစ်သားပဲ။ အကျင့်ပျက်ပြီး အခြားသူတွေကိုပါ ဖျက်ဆီးတတ်တဲ့လူပဲ။ ဒီလိုလူမျိုးက နန်းတွင်းအမတ်ဖြစ်ဖို့ မသင့်လျော်ဘူး။ မင်းကြီး စုံစမ်းစစ်ဆေးပေးပါရန် တင်လျှောက်ကြတယ်။

ဘယ်လိုစုံစမ်းစစ်ဆေးရမှာလဲ။ ကျောက်ကျုံးကျန်းက အစီရင်ခံစာ အချို့ကိုတောင် မကြည့်နိုင်ဘူး။ သူခိုင်းလို့ရမယ့် လူလည်း သူ့အနားမှာ မရှိဘူး။ သူက အတွင်းအမတ်အချို့အနည်းငယ်ပဲ သိပြီး အပြင်အမတ်တွေကို လုံးလုံးမမှတ်မိဘူး။ ( T/N အတွင်းအမတ် အပြင်အမတ်ဆိုတာ မြို့တော်အတွင်း အပြင်မှာ အမှုထမ်းတာကို ပြောတာပါ) သူက ရှစ်ကျန့်ဝမ်ကို အကူအညီတောင်းတဲ့ သဘောနဲ့ ကြည့်လိုက်တယ်။

ကျောက်ရွှမ်က မြေခွေးလေးရဲ့ အမွေးပွနားရွက်လေးကို နှပ်ပေးနေရင်း ပုံမှန်လေသံနဲ့ ပြောလိုက်တယ်။ "ရှာကြစေ"

ဒီလိုပြောလိုက်တာနဲ့ စုံစမ်းရေးဗျူရိုက ဘာလုပ်ရမလဲ တန်းသိတယ်။ သူတို့က ကျန်းကော်အိမ်တော်ကို လူလွတ်ပြီး အပြစ်သားကို ဖမ်းစေတယ်။ သူ့အပြစ်တွေကို ဝန်ခံစေပါတယ်။

အစတုန်းကတော့ လီဝိန်ဟန့် သူ့ဆရာပြောသံ ကြားထားတာက ပြည်သူ့ရေးရာဋ္ဌာနမှာ တာဝန်ထမ်းဆောင်ရမယ်ဆိုလို့ သူအပျော်တွေတောင်လွန်နေတာ။ သူက အိုးရန်ပထမသမီးနဲ့လည်း လက်ထပ်ရဦးမယ်။ ဖြောင့်ဖြူးနေတဲ့ သူ့ရဲ့အနာဂတ်အတွက် အလုပ်ရှုပ်နေတာ။

သူ့အဖေ လီအမတ်ကြီးကလည်း အခုသူ့ကို ပ စားပေးလာပြီ။ ဂိုထောင်ထဲက တန်ဖိုးကြီးပစ္စည်းတွေကို အိုးရန်သတို့သမီး တင်တောင်းပစ္စည်းအဖြစ်ပို့ဖို့ မိန်းမဖြစ်သူကိုတောင် ခိုင်းလိုက်တယ်။

အိုးရန်မင်ယွဲ့က သူမအိမ်ထဲမှာ အမျိုးသမီးတွေနဲ့ ဝိုင်းဖွဲ့ထိုင်ပြီး စကားလေးပြောလိုက် အားကျတဲ့မျက်လုံးတွေကို ခံယူလိုက်နဲ့ သာယာနေတာ။

ဒါပေါ့။ အခြားသူတွေက မနာလိုလည်း ဖြစ်တာပေါ့။ လီဝိန်ဟန့်က အသက်(၂၃)နှစ်နဲ့တင် အဆင့်(၃) အမတ်ဖြစ်လာတယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ မြို့စား၊ ဒါမှမဟုတ် နယ်စား ဖြစ်လာလိမ့်မယ်။ သူ့ကိုလက်ထပ်ရင် ရွှေပုံပေါ်မှာ ထိုင်ပြီး စည်းစိမ်ခံစားရမယ်ဆိုတာ ကြိမ်းသေပဲ။ ပြီးတော့ လီဝိန်ဟန့်က ချောမောပြီး မိန်းမပျိုတိုင်းရဲ့ အိမ်မက်မင်းသားလေးလည်း ဖြစ်သေးတယ်လေ။

မြေခွေးလေးနှင့် သူ၏ဝမ်ရယ် (FOD extra 3)Where stories live. Discover now