Ep_1(uni)

10.9K 220 37
                                    

အိမ်သားအားလုံး သတိမထားမိတဲ့အချိန်မှာ
အိမ်ထဲကနေ ဝင်းတံခါးဆီ
ပြေးထွက်လာသည့် အရိပ်လေးတစ်ခု.....

အနီရဲရဲ ပိုးဝတ်စုံလေးကိုဝတ်ဆင်ထားသည့်
ကမ္ဘာဗိုလ်သည် ကျောပိုးအိတ်လေးလွယ်လျှက်
အိမ်ထဲကနေ တိတ်တိတ်ထွက်ခဲ့လိုက်သည်။
ဘယ်သူမှသတိမထားမိဘူးထင်နေတာ
ဝင်းတံခါးဖွင့်ဖို့ လက်အလှမ်း....

"!ကမ္ဘာဗိုလ် ခုချက်ခြင်းရပ်စမ်း"

"သားကို သွားခွင့်ပြုပါ ပါပါး"

"ပါပါး ဒေါသမထွက်ချင်ဘူး ရပ်ဆိုရပ်လိုက်"

ပါပါးက အိမ်ထဲကနေ ပြေးထွက်လာပြီး
ဟန့်တားရာ ပါပါးကိုမြင်သည်နှင့်
လက်အုပ်ချီကာ တောင်းပန်လိုက်သည်။

"ကန်တော့နော်ပါပါး သား ပြန်လာမှဆူနော်
ကြိုက်သလောက်ဆူပါ အခုသွားမှဖြစ်မှာမလို့"

"!ကမ္ဘာဗိုလ်"

ပါပါး တားမြစ်သည်ကို လက်အုပ်ချီကာတောင်းပန်လိုက်ပြီး ဝင်းတံခါးဖွင့်၍
အပြင်သို့ ပြေးထွက်ခဲ့လိုက်သည်။

daddyနဲ့ပါပါးက ကမ္ဘာဗိုလ်ကို ကားမောင်းခွင့်လုံးဝမပေး ဘယ်နေရာသွားသွား
စိတ်ချရသည့် လူတစ်ယောက်အမြဲထည့်ပေးသည်။ဘယ်သူမှမပါဘဲ အိမ်ကနေထွက်ရမှာမလို့ ခုလို ခိုးထွက်လာရခြင်းဖြစ်သည်။

နောက်ကို လုံးဝမကြည့်ဘဲ ပြေးထွက်ခဲ့ရာ
ကမ္ဘာဗိုလ်ရဲ့ခါးအထိရှည်လျားသည့်
ဆံပင်အရှည်ကြီးက
လေထဲတလွင့်လွင့်ဖြစ်လို့နေသည်။
အိမ်ကနေအထွက် ဆံပင်မစီးခဲ့ရတော့
ကျောပြင်ကို ရိုက်ခတ်နေသည့် ဆံပင်အရှည်ကြီးကို လက်နဲ့စုကိုင်ကာ မနားတမ်းပြေးလိုက်သည်။

မကြာခင် ပါပါးရဲ့တပ်လှန့်မှု့ကြောင်တစ်အိမ်လုံးပွက်လောရိုက်ကာ ကမ္ဘာဗိုလ့်နောက် လိုက်လာကြတော့မှာ။

ဝေါ....ဝူး....ဝူး....

ပြေးနေရင်း ဆိုင်ကယ်မောင်းလာသံကြားလိုက်ရသည်ဖြစ်လို့ ပြေးနေသည့် ခြေလမ်းကိုရပ်တန့်ပြီး အနားကဖြတ်သွားတော့မည့် ဆိုင်ကယ်မောင်းသူကို လက်ပြကာ ဟန့်တားလိုက်သည်။
အိမ်ကနေဝေးရင်ပြီးရော လမ်းမပေါ်
ရောက်အောင်ပြေးမှမပြေးနိုင်တာ ဘယ်သူဘယ်ဝါ ကြည့်မနေဘဲ
တားလိုက်မိသည်။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now