Ep_30 (uni)

1.2K 75 4
                                    

"!အား....ကျွတ်"

"ပါပါး အားတင်းထားနော်
ပါပါးကိုဆေးရုံပို့ဖို့ သွားနေပြီ"

"ဗိုလ် အားတင်ထား"

ဦးထွဋ်နဲ့ရုန်ရုန်းရဲ့အလည်မှာ
နာကျင်စွာနိုးထလာရပြီး
အရင်ဆုံး ကိုယ့်ကိုယ်ကို စမ်းစစ်ကြည့်ရ၏။
အသက်ရှင်သေးတယ်ဆိုတာ သိလိုက်ရပြီး
ဝေဒနါကြောင့် လှုပ်ပင်မလှုပ်နိုင်
ဖြစ်မိရသည်။

မသေသေးဘူးဆိုတာ သိလိုက်ရတော့
ကိုယ့်ကိုပွေ့ဖက်ထားသည့် ဦးထွဋ်ရဲ့လက်ကို
အားကိုးတကြီး ဆုပ်ကိုင်မိသည်။

"ကျွန်တော် နေရတာအဆင်ပြေတယ်
ကြည့်ရတာ ရှပ်ထိသွားပုံရတယ်"

"ဟုတ်တယ် ဗိုလ် ဦးထွဋ် ကြည့်ပြီးပြီ
အပေါ်ယံရှပ်ထိတာ"

အနီးကပ် ပစ်ခံရတာ ရှပ်ထိတယ်ဟု
ပြောနေသည့် ကလေးငယ်က
အနားရှိလူတွေကို စိတ်မပူစေဖို့ပြောတဲ့
စကားလို့ ထွဋ်ပိုင်ဦး ရိပ်မိသည်။
ကလေးငယ်က ကိုယ့်မိသားစုအပေါ်မှာ
အနစ်နာခံလွန်းသည်လို့ မြင်မိသည်။

"အိမ်ပြန်ရအောင် ဦးထွဋ်
ကမ္ဘာဗိုလ် စိတ်ပူနေလိမ့်မယ်
ကလေးက နေကောင်းတာမဟုတ်ဘူး"

"မဖြစ်ဘူး သွေးထွက်လွန်ထားတာ ဗိုလ်
ဆေးရုံသွားမှ အဆင်ပြေမှာ"

"စကားမပြောနဲ့နော် ပါပါး
ဦးဇွဲ မြန်မြန်မောင်းပေးပါ"

"ရောက်တော့မှာ ပါပါးအဆင်ပြေရဲ့လားဗျ"

"နာကျင်မှု့ရှိပေမယ့် ပါပါးအဆင်ပြေတယ်
သားဇွဲ"

daddyရင်ခွင်ထဲ မှိန်းနေသည့်
ပါပါးကိုကြည့်ပြီး
ကမ္ဘာပိုင် နောင်တရမိနေရသည်။
ကိုယ်ကို ပြုစုပျိုးထောင်ဖို့ရယ်
ကလေးလေးကို ကိုယ်ဝန်ဆောင်ရလို့ရယ်ကြောင့် ရုပ်ရှင်မင်းသားဘဝကို
စွန့်လွှတ်ခဲ့သည့် ပါပါးရဲ့မေတ္တာတွေကို
ပြစ်မှားမိခဲ့တာ။
ပါပါး ကိုယ့်အပေါ်ထားထားသည့်
အနှိုင်းမဲ့မေတ္တာတွေက ချွင်းချက်မရှိ
ဖြူစင်လွန်းခဲ့သည်။

ကိုယ့်ကိုမိခင်မဲ့စေခဲ့လူလို့ ခေတ္တခဏ
စိတ်ရိုင်းဝင်စေခဲ့သည်က
ပါပါးရဲ့အသက် ဆုံးရှုံးတော့မလိုဖြစ်ခဲ့ရသည်။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Unde poveștirile trăiesc. Descoperă acum