Ep_18 (uni)

1.4K 90 8
                                    

ဒေါက်.....ဒေါက်

ကားမှန်တံခါးခေါက်သံကြောင့်
ဇွဲအင်အားသည် ကားမှန်တံခါးချပေးလိုက်သည်။

"ငယ့်ညီလေး ကားထဲခဏဝင်မလား
အစ်ကိုအပြင်ထွက်လာရမလား"

ကိုကို့လူကြီးကဝန်ကြီးချုပ်ဆိုတော့
အပြင်ထွက်ခိုင်းလိုက်လို့ သူ့နောက်လိုက်တဲ့လူတွေမြင်ရင်မကောင်းဘူးလို့ ကမ္ဘာဗိုလ်ထင်မိသည်။အရေးကြီးကိစ္စများရှိနေမလားတွေးမိတာကြောင့် ကားတံခါးဖွင့်ကာဝင်ထိုင်လိုက်သည်။

"သားကိုပြောစရာရှိလို့လားကိုကို"

ကိုကို့လူကြီးမလို့ကိုကိုလို့သုံးနှုန်းလိုက်ခြင်းဖြစ်သည်။ဦးဦးခေါ်ဖို့ရာကြအသက်အဲလောက်မကြီးသေးဘူးထင်မိသည်။

"ငယ့်ကိုအဆက်သွယ်မရတာကြာပြီ
ဖုန်းဆက်တော့လဲမကိုင်ဘူး လုံးဝပျောက်နေတာ
အစ်ကိုထင်မိလို့ကွာ ငယ်များနောက်တစ်ခေါက်ထွက်ပြေးတာလားလို့"

"ကိုကိုခရီးသွားနေလို့ရယ် အခုပြန်ရောက်ပြီ
အိမ်မှာတော့မရှိဘူး အကိုကြီးတစ်ယောက်နဲ့အပြင်သွားတယ်ကိုကို"

အကိုကြီးတစ်ယောက်နဲ့စကားမှာ
ဇွဲအင်အားသည် ကားစတီယာတိုင်ကိုစုပ်ကိုင်လိုက်မိသည်။

"ကိုကိုကအိမ်မှာဝင်ထွက်လို့ရနေတာ
အိမ်ထဲတော့ဝင်မလာဘူး သားရဲ့ဖေဖေတွေကမပြောပါဘူး"

"ငယ့်သဘောအရနောက်တစ်ခေါက်ထွက်ပြေးတာမျိုးဆို ငယ့်ညီလေးပြောသလိုအိမ်ထဲဝင်မေးလိုက်ရင်မကောင်းဘူးလားလို့"

ဇွဲအင်အားသည်စကားပြောနေပေမဲ့ ငယ့်ညီလေးကိုလုံးဝမကြည့်မိပါ။ကားထဲနှစ်ယောက်တည်းစကားပြောနေရတာမသင့်တော်ဘူးလို့ထင်မိသည်။

ကိုကိုလူ့ကြီးနဲ့စကားပြောရင်း ကမ္ဘာဗိုလ်ရဲ့
ခန္ဓာကိုယ်ကထူးခြားသလိုခံစားမိလိုက်သည်။
ဘာထူးခြားသလဲဆိုတော့ ယားယံလာခြင်းဖြစ်သည်။ဟိုနားကယားလိုက် ဒီနားကယားလိုက်ဖြစ်နေလို့ လက်နဲ့ပွတ်မိရာကနေ နေရာအနှံ့ယားယံခြင်းကပိုဆိုးလာခဲ့ရသည်။
အဆိုးရွားဆုံးကမျက်နှာနဲ့ဦးရည်ပြား
ယားလွန်းလို့ပွတ်နေရာကနေ ကုတ်ခြစ်မှယားပြေမယ်ထင်မိတာမလို့ကုတ်ခြစ်နေရသည်။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Där berättelser lever. Upptäck nu