Ep_2 (uni)

3K 125 35
                                    

ကမ္ဘာဗိုလ်သည် အပြစ်လုပ်ထားသူဆိုပေမယ့်
မဟုတ်တာလုပ်တာမှမဟုတ်တာလို့
ခံယူမိသည်။
ပါပါးက လုံးဝကိုယ့်ကို မကြည့်ဘူး
စကားမပြောဘူး မျက်နှာတည်ထားတာဆိုတော့
မနေတတ်တာအမှန်ပါ။

အိမ်ရှိလူကြီးအားလုံးအလည်မှာ
ဒူးထောက်လျှက်ထိုင်နေရပြီး လူကြီးတွေရဲ့
ဆူခြင်းကိုခံနေရသည်။အသက်ဆယ့်ရှစ်နှစ်မပြည့်သေးတဲ့ ကိုယ်က ကိုယ်ပိုင်လွတ်လပ်ခွင့် ဆုံးဖြတ်ခွင့်မရ....

"တော်ကြတော့ကွာ ငါ့မြေး မျက်နှာလေး
ကြည့်ဦး ဇီးရွက်လောက်ရှိတော့တာ
ထတော့ ငါ့မြေး"

"မထဘူးဖိုးဖိုး ပါပါးစိတ်မပြေမခြင်း
လုံးဝမထဘူး"

ဖိုးဖိုးကြီးကထခိုင်းကာ ဖိုးဖိုးလေးက
တွဲထူပေမယ့် ကမ္ဘာဗိုလ် ပေကပ်ထိုင်နေမိသည်။

"ထပါကွာ ကမ္ဘာဗိုလ်က လိမ်မာပါတယ်"

"ဖိုးဖိုးလေး ဘာသိလို့ သားက
မဟုတ်တာလုပ်တာမှမဟုတ်တာ
ပါပါးစိတ်ကောက်"

"ဘာ ငါကစိတ်ကောက်တယ် ဟုတ်လား
မင်းကို မသွားဖို့ မတားဘူးလား
ဟမ် ကျက်သတုန်းကောင်"

ပါပါးဒေါသထွက်ရင် ကြောက်စရာကောင်းတာသိပေမယ့် ခုလို စကားကြမ်းကြမ်းတွေသုံးပြီးပြောလာတော့ မျက်ရည်တွေက ပေါက်ကနဲ့
ကျမိသည်။

"ဗိုလ် သားကို စကားပြောတာ မရင့်နဲ့ကွာ"

"ဒီကောင့်ကို မွေးမလာခဲ့သင့်ဘူး
ဗိုက်ထဲကတည်းက ပေးလိုက်တဲ့ ဒုက္ခ
ကျွန်တော့်မှာ သူအရွယ်ရောက်လာဖို့
အကုန်ဆုံးရှုံးခံခဲ့ရတာ ဘာလို့တားတာလဲ
နားမလည်ဘူး ကျန်းမာရေးမကောင်းလို့ဖြစ်ရင်
ဘယ်သူဒုက္ခရောက်မှာလဲ"

"တော်တော့ သူရခန့်ဗိုလ် ငါ့မြေးကို
အဲလောက်ထိပြောစရာမလိုဘူး"

"ကျွန်တော်ပြောတာမကြိုက်ရင် ခေါ်သွားလိုက်
ဖေဖေ ကျွန်တော့်စကား အရေးမပါသလို
အချိုးချိုးသွားကတည်းက ဒီကောင့်ကို
သားလို့ကို မသက်မှတ်ချင်တော့ဘူး"

"ကလေးကဘာသိမှာလဲ သူရခန့်ဗိုလ်
သူဝါသနာပါတဲ့အလုပ်မလို့ သွားတာပေါ့
မင်းကိုခွင့်တောင်းနေရင် ခွင့်မပြုဘူးထင်လို့နေမှာပေါ့ကွ"

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now