Ep_17 (uni)

1.5K 76 7
                                    

မနက်ခင်းနေရောင်ခြည်နဲ့အတူ
ကိုယ့်ချစ်သူကို ရင်ခွင်ထဲထည့်ထားပြီး
နိုးထလာရတာ ဘယ်လောက်ကြည်နူးဖို့ကောင်းလဲဆိုတာ ချစ်သူမရှိတဲ့လူတွေသိမယ်မထင်။

ကလေးပေါက်လေးလိုအပူကင်းမဲ့စွာ
အိပ်မောကျနေသည့် အသက်ကလေးကို
မျက်လုံးဖွင့်ဖွင့်ခြင်းကြည့်နေမိတယ်။
ညကအဖျားတတ်လို့ဘေးကနေ ကိုယ်အိပ်မပျော်မချင်းပြုစုပေးနေတာလေ။
ရေပတ်တိုက်ပေးလိုက် ဆေးသောက်ခိုင်းလို့ခိုင်းရဲ့ ကိုကိုဖျားမဲ့အစား သားသာဖျားလိုက်ချင်တော့တယ်လို့မြည်တွန်နေသေးတာ။

တကယ်ကို မြတ်နိုးခြင်းများစွာနဲ့တစ်နေ့တခြားအသက်ကလေးကိုချစ်မိနေရသည်။

"အသက်ကလေး....ဟေ့ကောင်လေးထတော့ကွာ"

"အင်.....အိပ်ချင်သေးတယ်ပါပါး"

အင်ဆိုပြီးအသံရှည်ကစွဲလိုက်သေးတာ
အူယားလွန်းတာမလို့ အသက်ကလေးရဲ့လက်ကိုမယူကာ အသက်ကလေးရဲ့လက်ညှိုးထိပ်လေးကို သွားနဲ့ဖိကိုက်ပစ်လိုက်သည်။

"!အား....ကယ်ကြပါဦး !မြွေကိုက်နေလို့"

ရင်ခွင်ထဲကအသက်ကလေးက ဝုန်းခနဲ
ထထိုင်ပြီးအကိုက်ခံလိုက်ရသည့်လက်ညှိုး
ကိုထောင်ကာ အလန့်တကြားအော်ပါတော့သည်။ဆံပင်အရှည်ကြီးကိုခါရမ်းလျှက်
မျက်လုံးဖွင့်မကြည့်ပဲအော်နေသည်မလို့
သဘောကျစွာ မာန်သမိုင်းရယ်နေမိသည်။

"မျက်လုံးဖွင့်အသက်ကလေး"

"!မြွေကိုက်ခံရပြီ သားရဲ့လက်ကိုမြွေကိုက်တာ"

"မြွေမဟုတ်ဘူး ကိုကိုကိုက်တာ"

"!ဟင်"

ဆစ်ခနဲ့နာကျင်သွားရသည်က သေချာပေါက်မြွေကိုက်ခံရတယ်လို့ အိပ်ပျော်နေရာမှ
အလန့်တကြားနိုးလာရင်း ထင်မိသည်။
ကိုယ့်အိမ်မှာအိပ်တယ်လို့ထင်မိရာကနေ
ကိုကို့အသံကြားမှမျက်လုံးဖွင့်ကြည့်ရသည်။

ကိုကိုကတဟားဟားရယ်လျှက်.....
ကမ္ဘာဗိုလ့်လက်ညှိုးကို သူကိုက်တာလို့ရှင်းပြလာသည်။
ရယ်နေတဲ့ကိုကို့ကို့စိတ်မဆိုးအား
ကိုကို့နှာဖူးကိုလက်နဲ့စမ်းကြည့်ရာ အပူငွေ့မရှိတော့တာကြောင့် အိပ်ချင်နေတုန်းမလို့
ကိုကို့ရင်ခွင်ထဲပြန်ဝင်အိပ်လိုက်သည်။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now