Ep_3(uni)

2.4K 116 28
                                    

ဝူး.....ဝူး....ဝေါ

ရန်ကင်းတောင် တောင်တတ်လမ်းအတိုင်း
အရှိန်ပြင်းပြင်းမောင်းနှင်လာကြသည့်
FZ V5အမျိုးအစား ဆိုင်ကယ်ငါးစီးသည်
တောင်ထိပ်ရောက်ဖို့ မလျှော့သောအရှိန်ဖြင့်
မောင်းလျှက်ရှိသည်။

တောင်ထိပ်ကိုအရင်ရောက်သူက
အနိုင်ရမှာဖြစ်လို့ အနိုင်ရချင်ဇောဖြင့်သာ
အရှိန်မြှင့်မောင်းကြရင်း တောင်တတ်ကား
တစ်စီးပြီးတစ်စီးရဲ့ နောက်ကနေ ကျော်တတ်ခဲ့ကြသည်။

မာန်သမိုင်းသည် ကိုယ့်ရှေ့ကနေဦးဆောင်နေ
သည့် ဆိုင်ကယ်ကို ကျော်တတ်ဖို့
ကလပ်ချိန်းကာ အရှိန်မြှင့်မောင်းနှင်လိုက်သည်။

Suzuki 2023ထုတ် GSX အမျိုးအစားကို
မောင်းရတာ အရင်ကပိုင်ဆိုင်ခဲ့သည့်
ဆိုင်ကယ်တွေနဲ့လားလားမျှမဆိုင်
လီဗာဆွဲရတာသွက်သလို ကလက်နင်းရတာလဲ
စိတ်ကျေနပ်မှု့ရှိရသည်။

ကိုယ့်ရှေ့မှာ ဆိုင်ကယ်တစ်စီးသာရှိတော့သည့်
မလို့ ထိုဆိုင်ကယ်ကိုကျော်တတ်ခဲ့လိုက်ပြီး
ရန်ကင်းတောင် တောင်ထိပ်ရှိ သပ်မှတ်ထားသည့်ပန်းတိုင်ကိုကျော်ခဲ့ပြီး ဆိုင်ကယ်ကိုစက်ရပ်ကာ ဒေါက်ထောက်ထားလိုက်သည်။

ဝူး....ဝူး....

နောက်က ပျက်ကျန်ခဲ့သည့် ဆိုင်ကယ်လေးစီးက
ရှေ့ဆင့်နောက်ဆင့်ရပ်တန့်ကာ ဆိုင်ကယ်တွေကို
ရပ်ထားခဲ့ပြီး ဆိုင်ကယ်မှီရပ်နေသည့်
ကိုယ့်ဆီ လျှောက်လာကြသည်။

"ငါနိုင်တယ်ဟုတ်"

"မင်းကိုမှီအောင် မောင်းနိုင်တဲ့သူရှိပါ့မလား"

"မင်းတို့ကအရှိန်မြှင့်ဖို့ကြောက်တာကိုး"

"မန္တလေးတောင်လိုမဟုတ်ဘူးကွ မာန်သမိုင်းရ
ရန်ကင်းတောင်ကမတ်တယ် ပထမဆုံးတတ်ဘူးတာဆိုတော့ လန့်တယ်"

"ဟ ငါလည်း မင်တို့လို ပထမဆုံး
ရန်ကင်းတောင်တတ်ဘူးတာပါဟ"

"မင်းကဆိုင်ကယ်သရဲကိုး"

"ဒါပေါ့ ငါ့သမိုင်းမှာ အရှုံးမရှိစေရဘူး
ကြိုက်တဲ့နေရာမောင်းခိုင်း"

ငါးယောက်သား တစ်ယောက်တစ်ပေါက်
ပြောဆိုရင်း ခေတ္တအမောဖြေကာ ရန်ကင်းတောင်ပေါ်ကနေမြင်နေရသည့် တောင်အောက်
ရှု့ခင်းကို ခံစားနေလိုက်၏။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now