Ep_10 (uni)

1.8K 90 10
                                    

"!ပါပါး ကိုကိုကလေ"

"!ပါးစပ်ပိတ်ထားကမ္ဘာဗိုလ် ဘာအသံမှထွက်
မလာနဲ့"

သားရဲ့ကိုကိုဆိုသူကို ကလေးငယ်ထွက်တွေ့တာ
အဆင်ပြေပါ့မလားဟု ထွဋ်ပိုင်ဦးသည်
အိမ်ထဲကနေအခြေနေကိုစောင့်နေလိုက်သည်။
ကလေးငယ်က သားရဲ့လက်ကိုဆွဲထားလျှက်
ဒေါသထွက်နေပြီး အိမ်ထဲဝင်လာကြသည်။

"ဒီနေ့ ဒီအချိန်ကစပြီး ဟိုကောင်လေးကိုမေ့လိုက် ပါပါးစကားနားမထောင်ရင်
သားကိုအပြစ်ပေးမှာ ကြားလား"

"ပါပါးမတရားဘူးdaddy "

"!ဦးထွဋ်ဝင်ပါစရာမလိုဘူး ကြိုပြောထားမယ်"

သားကအားကိုးတကြီးကိုယ့်ကိုကြည့်လာတာဆိုတော့ ကလေးငယ်ကိုစိတ်လျှော့ဖို့ပြောဖို့ကြံ
နေစဥ် ကလေးငယ်ကကိုယ့်ကိုကြည့်ပြီး
သတိပေးလာသည်။

"ဗိုလ် စိတ်ကိုအရင်လျှော့ကွာ
ဘာဖြစ်လာကြတာလဲ"

"အသက်ဆယ်ရှစ်နှစ်မပြည့်သေးဘူး
မိဘကိုလိမ်တယ် ရည်းစားထားချင်တယ်
ဖအေကိုကန့်လန့်တိုက်တယ် !တောက်"

"ပါပါးကြdaddyနဲ့ယူပြီးတော့
သားက ကိုကို့ကိုချစ်လို့မရဘူးလား"

"!ဟိုကောင်လေးမိုက်ရိုင်းတာ မင်းမမြင်ဘူးလား
မျက်နှာဘေးကိုကကြည့်လို့မရဘူး"

"ပါပါးကြည့်လို့ရစရာမလိုပါဘူး ကိုကို့ကိုချစ်တယ် ကိုကိုကလည်းသားကိုချစ်တယ်
အဲ့အတွက် ကိုကို့ကိုကြည့်လို့ရတယ်"

"!ဖောင်း"

ဘာတွေဖြစ်လာကြတယ်မသိ သားအဖနှစ်ယောက်စကားအခြေတင်ပြောရင်း
ကလေးငယ်က သားရဲ့ပါးကိုရိုက်ချလိုက်သည်။

"!ပါပါး သားကိုရိုက်တယ် ပါပါးကိုမုန်းတယ်"

"!မင်းကိုငါမွေးထားတာ သောက်သုံးမကျရင်သတ်ပစ်လိုက်ဖို့ဝန်မလေးဘူးနားလည်လား"

"ပါပါးကိုမုန်းတယ်"

"ငါကွာ ကမ္ဘာဗိုလ်"

"တော်တော့ဗိုလ် မိဘနဲ့သားသမီးကြားမှာ
လက်ပါစရာမလိုဘူး စကားနဲ့ဆုံးမ"

"!ပါပါးကိုမုန်းတယ် "

သားက အရိုက်ခံလိုက်ရသည့်ပါးကိုလက်နဲ့အုပ်ကိုင်ကာ အနားကနေထွက်သွားသည်။
သားဖြစ်သူနောက်လိုက်ရမလား ကလေးငယ်ကိုနှစ်သိမ့်ရမလား သားဖနှစ်ယောက်ကြားဗြာများနေရသည်။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now