Ep_19 (uni)

1.4K 72 3
                                    

"ပါပါး သားနဲ့ကိုကို့အတွက်
တစ်ပန်းကန်ပဲခူးပေးနော်"

"သားမစားဘူးလား သားမာန်မစားတာလား"

"ဟုတ်ဘူး နှစ်ယောက်လုံးစားမှာ
အတူတူစားမလို့"

ခက်တော့နေပြီ ဦးထွဋ်နဲ့ကိုယ်တောင်
အိမ်ထောင်သက်ကြာနေပြီ
ပန်းကန်တစ်ခုထဲကနေမစားဘူးသေး
သားကြမှဖြစ်နေလိုက်ကြတာလို့မြင်မိသည်။

"ကိုကို သားကိုထမင်းကျွေးနော်"

"ဟုတ်ကဲ့ပါသခင်လေးရယ်"

ထမင်းခွန့်ကျွေးရုံတင်မက သားဖြစ်သူ
ပါးစပ်မှာပေတာကစ သုတ်ပေးနေသည့်
သားမက်ဖြစ်သူကြောင့် ကိုယ်ပင်ကြည်နူးရသည်။

"စားလို့ကောင်းပါတယ်ပါပါး
သားတို့သွားနားတော့မယ်နော်"

"ဆေးသောက်ရဦးမယ်လေ ပါပါးယူပေးမယ်"

သားအတွက်ဆေးနဲ့ရေယူလာပေးတော့
သားမက်ဖြစ်သူက သူတိုက်မယ်ပြောလာတာကြောင့် သားဖြစ်သူမှာလက်သုံးစရာမလို
ဆေးသောက်ရလေ၏။

အကုန်လုံးထမင်းစားပြီးကြပြီဆိုတော့
အသီးသီးထကြရာ.....

"သား ခဏ"

ညစာစားပြီးကိုကိုနဲ့အတူအခန်းထဲဝင်မလို့
daddyကခဏဟုပြောလာတာကြောင့်
ကိုကို့ကိုအခန်းထဲအရင်ဝင်နှင့်ဖို့ပြောလိုက်သည်။

"ကိုကိုအိပ်ချင်အိပ်နှင့်နော်"

"အသက်ကလေးကိုစောင့်မယ်လေ"

"ဟုတ်ကိုကို"

daddyကဧည့်ခန်းကဆိုဖာခုံမှာထိုင်ဖို့ပြောလာသည်။daddyဘေးမှာပါပါးကဖုန်းပြော
နေလေရဲ့.....

"ဟုတ် daddy"

"သားကိုကိုနဲ့သားမှာ သားကဦးဆောင်သူမလား"

"ဟုတ်တယ်လေdaddy ဘာဖြစ်လို့လဲဟင်"

"သားနားလည်အောင်ပြောရရင် daddyနဲ့ပါပါးမှာ daddyကဦးဆောင်သူ"

ရုန်ရုန်းကိုစိတ်ပူလို့ဖုန်းဆက်ကြည့်နေတာ
ရုန်ရုန်းကစိတ်မပူဖို့ပြောလာရင်း
ဇွဲအင်အားရဲ့အိမ်မှာအတူရှိနေကြောင်းအသိပေးလာသည်။ဇွဲအင်အားကမိုက်ရိုင်းတဲ့သူမဟုတ်ဘူးဆိုတာသိသည်မလို့
ကမ္ဘာဗိုလ့်ကိစ္စကြောင့်ပြာမိနေတုန်း
ရုန်ရုန်းကိုဇွဲအင်အားကခေါ်သွားတာမတားလိုက်မိဘူးရုန်ရုန်းရယ်လို့ပြောရသည်။
လိမ္မာသည့်ကလေးမလို့ ဘာမှမဖြစ်ဖူးပါပါးလို့ပြန်ပြောလာသည်။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Unde poveștirile trăiesc. Descoperă acum