Ep_23 (uni)

1.1K 66 11
                                    

"တံခါးဖွင့်နော် မင်းတို့
ငါ့သားတစ်ခုခုဖြစ်သွားရင်
မင်းတို့တာဝန်ယူမှာလား"

"အကိုကြီးရဲ့အမိန့်အရ ဝင်ခွင့်မရှိဘူးခင်ဗျ
ဘယ်သူလာလာ တံခါးမဖွင့်နဲ့ပြောထားလို့ပါ"

သိင်္ခရဲ့အိမ်ရှေ့မှာ စက်သီဟနဲ့ဆုံကြပြီး
အိမ်ထဲဝင်ခွင့်ရဖို့အထဲကလူတွေကို
ထွဋ်ပိုင်ဦးပြောနေခြင်းဖြစ်သည်။
အိမ်ထဲကနေ လက်နက်ကိုင်ထားသည့်
လူဆယ်ယောက်ခန့်ရှိနေပြီး
ကိုယ့်လူတွေက ကိုယ့်နောက်ကနေခြံရံကာ
အသင့်အနေအထားအတိုင်းရှိနေကြသည်။

နှစ်ဖက်စလုံး အခြေနေကတင်းမာနေတာမလို့
ထွဋ်ပိုင်ဦးက ခေါင်းဆောင်ပီပီ
အခြေနေကိုကြည့်နေလိုက်သည်။
ခွင့်တောင်းတာကို ခွင့်မပေးရင်
အထဲကိုဝင်ရဖို့ တိုက်ခိုက်ရမယ်ဆိုရင်
နှစ်ဖက်စလုံးအထိနာမှာသိပေမဲ့
တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီလေ မင်းတို့တံခါးမဖွင့်ဘူးဆိုရင်
ငါ့အဆိုးမဆိုနဲ့တော့"

"ခဏစောင့်ပါခင်ဗျာ....အကိုကြီးက
ခင်ဗျားတို့လာမှာသိပါတယ်
အကိုကြီးရဲ့အမိန့်ရပြီဆိုတာနဲ့ခင်ဗျားတို့ကို
ဝင်ခွင့်ပေးမှာပါ"

"ငါ့သားရဲ့အခြေနေ ခုချက်ခြင်းသိရမှဖြစ်မှာ
မင်းတို့ကအချိန်ဆွဲနေပုံရတယ်
စက်သီဟ ငါတို့ကိုတားရဲတဲ့ကောင်တွေကို
ရှင်းလိုက်တော့"

ထွဋ်ပိုင်ဦးသည် စက်သီဟကိုအမိန့်ပေးလိုက်ပြီး
ကလေးငယ်ရယ် ရုန်ရုန်းရယ် မာန်သမိုင်းကိုခေါ်ကာ ဝင်းတံခါးပေါက်နေခွာလိုက်သည်။

စက်သီဟသည် သေနတ်ကိုမောင်းချိန်လျှက်
အထဲကလူတွေကိုတိုက်ခိုက်ဖို့ဟန်ပြင်နေစဥ်
အိမ်ရှေ့ကိုရောက်လာသည့်
ကားတစ်စီးကြောင့် လှုပ်ရှားမှု့ကိုရပ်တန့်လိုက်သည်။
ကားပေါ်ကဘယ်သူများလဲ ကြည့်နေစဥ်။

"!တံခါးဖွင့်စမ်း"

"!သခင်ကြီး"

"မင်းတို့ကောင်တွေ ငါ့ဧည့်သည်တွေကို
ဘယ်လိုကြိုနေကြတာလဲ ဖွင့်စမ်းတံခါး"

ထွဋ်ပိုင်ဦးသည် ကားပေါ်ကဆင်းလာပြီး
တံခါးဖွင့်ခိုင်းသည့်လူရဲ့ အနားကိုသွားကာ
နှုတ်ဆက်လိုက်သည်။

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now