Ep_6 (uni)

2.1K 96 8
                                    

"ပါပါး"

"ဗျာ"

"ဘာတွေချက်"

"သားအတွက် ကြက်သားကြော်ပေးနေတာ"

"ကြက်သား ဟီ ဟီ"

သားစားဖို့ ညစာအတွက် ကြက်သားကြော်ပေးနေစဥ် အမွှာတို့အိမ်ကပြန်ရောက်လာသည့်
သားက အနားလာရပ်ပြီးမေးလာသည်။
ကြက်သားကြော်နေမှန်းမြင်ရဲ့သားနဲ့မေးလာ
သည့်သားကို စိတ်ရှည်ရှည်ထားကာပြန်ဖြေလိုက်သည်။

"ဟီ ဟီ ကြက်သားကြီးကကွေးနေတာ
ရယ်ရတယ် ဟား....ဟား"

သားကြောင့် ကြက်သားကြော်နေသည့်ဟင်းအိုးကို သူရခန့်ဗိုလ်ကြည့်မိတော့ ကြက်သားတုံးကဆီပူကြောင့်ကွေးတာ...... ထူးဆန်းလို့လားတွေးရင်း ထူးဆန်းသလို ရယ်နေသည့်သားကြောင့်
မျက်မှောင်ကုတ်မိသည်။

"ပါပါးကြည့် ကြက်သားတုံးကြီး ဆီအိုးထဲကွေးနေတာ ရယ်ရတယ် ဟီ ဟီး"

"ကမ္ဘာဗိုလ် "

"ဟုတ် ပါပါး"

ဟုတ်ပါပါးထူးတာတောင် မျက်နှာပိုးကမသေ
နှုတ်ခမ်းပါးလေးမလို့သာတော်တော့သည်
နားရွက်တတ်ချိတ်မတတ် အသားကုန်ဖြီးနေတာကိုတွေ့ရတော့ ဒီကလေးဘာများဖြစ်နေရပြန်တယ်လို့သာတွေးမိတော့သည်။

"ဘာဖြစ်လာတာလဲ"

"ဘာမှမဖြစ်ပါဘူး ပါပါး
ဘာလို့လဲဟင်"

"ဗိုလ်..... ဦးအတွက်ထမင်းပြင်ပေးဦး"

"ဟုတ် သားရော တစ်ခါတည်းစားလိုက်မလား"

"ဗိုက်မဆာသေးဘူးပါပါး စားခဲ့ပြီ"

"ဘယ်သွားလို့ ဘာတွေးစားခဲ့တာတုန်း သားရ
daddyကိုပြောပြဦး"

ဦးက သားကိုသူ့အနားလာထိုင်ဖို့လှမ်းခေါ်ပြီးမေးရာ သားပြောလိုက်သည့်စကားကြောင့်
သူရခန့်ဗိုလ်သည် အာရုံစိုက်နားထောင်နေလိုက်သည်။

"ကိုကိုက ထောပတ်သီးဖျော်ရည်ဝယ်တိုက်တာdaddy"

"!ကိုကို"

"ဟုတ်daddy သားကိုလိုက်ပို့ပေးတဲ့ကိုကို"

"အမွှာနှစ်ယောက်အိမ်ကိုသွားမှာဆို
ပါပါးကို ခွင့်တောင်းတုန်းက"

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now