Ep_24 (zg)

389 6 0
                                    

"ဗိုလ်.... ရုန်ရုန်း ....သားမာန်
daddyပြောပြတာသေချာနားထောင်ကြ"

"ဟုတ် daddy"

"ဘာမလို့သေချာနားထောင်ပြောရတာလဲ
ဦးထွဋ်"

"သိင်္ခနဲ့ကမ္ဘာဗိုလ်ဘာမှမဖြစ်ခဲ့ဘူး"

"!ဗျာ"

သေနတ်ဒဏ်ရာနဲ့သိင်္ခကို အသာလေးကြည့်ခဲ့ပြီး
မိသားစုကိုခေါ်ကာ အိမ်ပြန်ခဲ့သည်လို့ထင်ကြမည်။ဖခင်တစ်ယောက်အနေနဲ့ သားဖြစ်သူကို
တခြားလူတစ်ယောက်ကစော်ကားလာသည့်ကိစ္စ
ငြိမ်ခံနေတာမဟုတ်ပါ။
ထိုအချိန်တုန်းက သိင်္ခနဲ့ကိုယ်
စကားပြောခဲ့တာတွေ စက်သီဟနဲ့ကိုယ်ကလွဲရင်
ဘယ်သူမှမသိသေးပေ။
ထိုအချိန်တုန်းက
မိသားစုအားလုံးကို ပြောပြခွင့်မရခဲ့ပဲ
မန္တလေးကိုပြန်ဖို့ ဖြစ်နေခဲ့တယ်။

သားဖြစ်သူရေချိုးခန်းထဲဝင်ပြီဆိုမှ
ကိုယ့်ရဲ့ကလေးငယ်ရယ် ရုန်ရုန်းရယ်
သားမာန်ရယ်ကို အသိပေးလိုက်သည်။
အကုန်လုံးရဲ့မျက်နှာက ထင်မှတ်မထားတာ
ကြားလိုက်ရသည်မလို့အံ့သြကုန်ကြသည်။
သူတို့တွေထူပူနေလို့ သားရဲ့အခြေနေကိုမသိကြတာဖြစ်ရမည်။သိင်္ခသာ သားဆီကနေရယူလိုက်ရင် သားငယ်အခြေနေက ခုထက်ဆိုးဝါးမည်သာ။

*သိင်္ခ မင်းကွာ အရိပ်နေနေအခက်ချိုးရသလား
ငါ့သားကိုမှ*

*ကလေးရဲ့အပေါ်မှာကြူးလွန်မိတာတွေ
အတွက် တောင်းပန်ပါတယ်
ကလေးကို မလုပ်သင့်တာလုပ်မိသွားတယ်
ကိုထွဋ် !အား... ကလေးလက်ထဲသေနတ်ရသွားတာကောင်းတယ် ကျွန်တော်ကသေသင့်တာ*

*မင်းက​သေသင့်တာကောင်ပဲ
မင်းကိုယုံကြည်စိတ်ချလို့ ငါ့အိမ်မှာတည်းခွင့်ပြုခဲ့တာကွ မင်းကယုတ်မာတာထက်ဆိုးနေပြီ
ငါ့သားမှာလက်ထပ်ရမယ့် ကောင်လေးရှိမှန်း
သိရဲ့သားနဲ့ကွာ ငါ့သားဆီကနေ
အဓမ္မရယူလိုက်တာလား*

*ကိုထွဋ် ကျွန်တော်ပြောပါရစေဗျာ
ကလေးနဲ့ကျွန်တော် ဘာမှမဖြစ်ခဲ့ဘူး
ကလေးဆီကနေရယူချင်စိတ်
ကလေးကိုပိုင်ဆိုင်ချင်စိတ်
ဆုံးရှုံးရမှာကြောက်တဲ့စိတ်တွေနဲ့
အဓ္ဓမရယူဖို့စိတ်ကူးခဲ့တာမှန်တယ်
ဒါပေမယ့် ကလေးကအသက်မပြည့်သေးတာသတိရသွားလို့ ကျွန်တော်ရပ်ခဲ့တာ*

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now