Ep_13 (uni)

1.7K 95 6
                                    

ဝူး....ဝူး....

ဆိုင်ကယ်လီဗာပုတ်လိုက်ပြီး ကလပ်ချိန်းကာ
အရှိန်ပြင်ပြင်းမောင်းထွက်လာသည့်ဆိုင်ကယ်တစ်စီးသည် ပြေးလမ်းပေါ်ဦးတည်လျက်ရှိနေသည်။

ထိုပြေးလမ်းပေါ်မှာချထားသည့် ခေါင်းလျှော်ရည်ဘူးလေးတစ်ဘူးက
ထောင်လျှက်သားရှိနေသည်။

ဆိုင်ကယ်စီးလာသည့်လူတစ်ဦးနဲ့
ပြေးလမ်းပေါ်ထောင်ထားသည့်ခေါင်းလျှော်ရည်ဘူးဟာ ဘယ်လိုများဆက်စပ်နေပါလိမ့်....

*******
"သား ကမ္ဘာဗိုလ်"

" ဗျ"

ပါပါးခေါ်နေတာမလို့ ခေါ်ရသည့်အကြောင်းအရင်းသိရစေဖို့ ပါပါးအနားသွားလိုက်သည်။

"သားကိုကိုက ဆိုင်ကယ်စီးတာဝါသနာပါတာနော်"

"ဟုတ် ပါပါး"

"အကူညီတောင်းပေးလို့ရမလား"

"ပြောကြည့်ပါပါး"

"ST shampoo ကုပ္မဏီကကြော်ငြာလာအပ်ထားတာရှိလို့"

"ဟုတ်ပါပါး"

"ကုပ္မဏီကကြော်ငြာဖို့ဇာတ်ညွှန်းပေးလာတယ်
ပါပါးကုပ္မဏီကမင်းသားတစ်ယောက်ယောက်နဲ့ရိုက်စေချင်ပါတယ်ပြောလာတယ်
ကုပ္မဏီကရိုက်ကွက်ကိုသဘောကျလို့တဲ့"

"သားကိုကိုက ဘာကူညီပေးရမှာလဲဟင်"

"ပါပါးရဲ့ မင်းသားတွေကကားပဲမောင်းတတ်တာဆိုင်ကယ်မစီးတတ်ကြဘူး
ကြော်ငြာလာအပ်တဲ့ဇာတ်ညွှန်းထဲမှာ
ဆိုင်ကယ်စီးရမှာ သူတို့ဘက်ကပြောလာတဲ့ဇာတ်ညွှန်းပုံစံက biker boyဖြစ်မှအဆင်ပြေမှာ ဆိုင်ကယ်ရောလူရောတစ်ယောက်ကိုပဲပြေးမြင်မိလို့....သားရဲ့ကိုကိုစီးတဲ့ဆိုင်ကယ်ပုံစံလို
ဝူး...ဝူး...အသံထွက်တယ်လေ"

"!ဝူး....ဝူး....ဟား....ဟား..."

ပါပါး ကိုကို့ဆိုင်ကယ်ထက်အသံကိုပိုပြီးမှတ်မိနေပုံရသည်။ပါပါးရဲ့ ဝူး ဝူး အသံမှာ
ကမ္ဘာဗိုလ်အော်ရယ်မိတော့သည်။

"ဒီကလေးကတော့လေ ပါပါးကိုဟားနေတယ်"

"သားကိုကိုကသရုပ်ဆောင်ပေးရမှာလား"

"မျက်နှာမပြစေချင်ရင်
ဆိုင်ကယ်ဦးထုပ်မှန်ချထားလို့ရတယ်
အဓိက ခပ်မိုက်မိုက်ဆိုင်ကယ်စီးသူရယ်
အလန်းဆုံးဆိုင်ကယ်ရယ်ဖြစ်ရမှာ"

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Where stories live. Discover now