Ep_11 (uni)

1.8K 113 19
                                    

ကမ္ဘာပိုင်သည်အမိမြေကိုခြေချပြီးသည်နောက်
ရန်ကုန်လေဆိပ်ကနေ မန္တလေးတံတားဦးလေဆိပ်ကိုတဆက်တည်းလေယာဥ်စီးလာခဲ့ရသည်။ ပင်ပန်းသလိုဖြစ်ပေမဲ့
မိသားစုကလာကြိုပေးတာမလို့
တွေ့တွေ့ခြင်းလန်းဆန်းသွားမိသည်။

"ကြိုဆိုပါတယ် သားကြီးရုန်ရုန်း"

daddy.... ပါပါး ....ညီလေးကမ္ဘာဗိုလ်
နောက် ဦးဦးစက်သီဟက
ကိုယ့်ကိုတွေ့သည်နှင့် စီးကြိုပွေ့ဖက်ကာနှုတ်ဆက်ကြသည်။

"ကလေးလေးဖျားလို့ဆိုအိမ်မှာနေခဲ့တာ
မဟုတ်ဘူး..... သက်သာပြီလား"

"တစ်ပတ်လောက်အိမ်ထဲအောင်းနေရတာ
ပျင်းလာပြီကိုကိုရာ ကိုကို့ကိုကြိုဖို့
လိုက်ခဲ့လိုက်တာ"

"ရုန်ရုန်းလေး ဦးဦးကိုအိတ်ပေး"

"သားဘာသာဆွဲလာပါ့မယ်ဦးဦး
ဦးဦးဒွန်းရောဟင်"

"ညနေကြမှ ရုန်ရုန်းလေးကိုနှုတ်ဆက်မယ်ပြောတယ် လုပ်ငန်းကိစ္စမပြတ်သေးလို့လိုက်မလာခဲ့ဘူး"

လေဆိပ်ရှိကားထားရာနေရာအရောက်
ခရီးဆောင်အိတ်ကိုကားနောက်ဖုံးခန်းထဲထည့်လိုက်ပြီး daddyကဦးဦးစက်သီဟန်ရှေ့ခန်းမှာထိုင်ကာ နောက်ခန်းမှာပါပါးရယ်
ညီလေးကမ္ဘာဗိုလ်ရယ် ကိုယ်ရယ်ထိုင်ကာ
ကမ္ဘာဗိုလ်မေးလာသမျှမမောတမ်းဖြေနေရတော့သည်။

ပါပါးပြောပြထားလို့ကမ္ဘာဗိုလ်ချစ်သူရနေပြီဆိုတာသိထားပေမဲ့ မေးခွန်းမထုတ်သေးပေ။
daddyနဲ့ပါပါးအနားမရှိချိန်ကြမှ
ညီအကိုနှစ်ယောက်စကားပြောရမည်ဟုတွေးထားလိုက်သည်။

ဦးဇွဲကလာကြိုမယ်ပြောထားပေမဲ့
ဝန်ကြီးချုပ်ရုံးမှာကိစ္စတစ်ခုဖြေရှင်းနေရလို့
လာမကြိုနိုင်ဘူးဆိုပြီးဖုန်းဆက်ခဲ့သည်။
ဘာကိစ္စလဲမေးရာပြန်မဖြေပေ။

ကမ္ဘာဗိုလ်မေးသမျှပြန်ဖြေရင်း မန္တလေးရဲ့အငွေ့အသက်ကိုခံစားကာ ဇာတိမြေကို
အတိုးချအလွမ်းသည်ရတော့သည်။

"ကဲ မောင်ကမ္ဘာဗိုလ် မမောဘူးလား
သားရဲ့ကိုကိုအေးဆေးနေပါ့စေ"

"မေးပါ့စေ ပါပါး ကလေးလေးက
သားကို အတိုးချအလွမ်းသည်​နေတာ
ဟုတ်လား"

ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2) (Completed)Wo Geschichten leben. Entdecke jetzt