မိတ်ဆက်

8.5K 323 15
                                    

ဟယ်လို သာ့ကျား 

နေရင်းထိုင်ရင်း အကောင့်ပျက်ပြီး အကုန်လုံး ရေစုန်မျောသွားလို့ antidote ဘာသာပြန်ကို ဒီအကောင့်အသစ်မှာ ပြန်တင်တာ ဖြစ်ပါတယ်နော်။ 


ဇာတ်လမ်းနဲ့ဇာတ်ကောင်မိတ်ဆက် 

Antidote 《解药》

Author: 巫哲 [Wu Zhe]


● အဓိကဇာတ်ကောင် ●

ကျန်းယွီသော် (江予夺 – Jiang Yuduo)

လမ်းပေါ်က လမ်းသရဲလေး၊ ငယ်ငယ်တုန်းက ကြုံခဲ့ရတဲ့ကိစ္စကြောင့် စိတ်ဒဏ်ရာရှိနေသူ။


ချန်ခေါ့ (程恪 – Cheng Ke)

သူဌေးအိမ်က သခင်လေး။ မိမိထက် ၂ နှစ်ငယ်တဲ့ ညီလေးရဲ့စနက်ကြောင့် အိမ်ပေါ်ကနေ မောင်းထုတ်ခံထားရသူ။


** WuZhe ဝတ္ထုတွေရဲ့ ထုံးစံအတိုင်း gong/shou မခွဲထားပါဘူး။ hugong/ mutual seme အမျိုးအစားဖြစ်ပါတယ်။ ဘယ်သူက မဲအရင်ပေါက်မလဲဆိုတာတော့ လိုက်ပါစီးမြောရင်း စောင့်မျှော်လိုက်ပါဗျိုး ~~~

****


● ဇာတ်လမ်းမိတ်ဆက် ●


အိမ်ပေါ်မှ မောင်းချခံရသော သခင်လေး ချန်ခေါ့ သည် မိမိကိုယ်တိုင် အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်သည့် တရုတ်ယွမ် တစ်ရာတန် ငွေစက္ကူကြောင့် လူတစ်ဦးနှင့် ရန်အကြီးအကျယ်ဖြစ်ပြီးမကြာမီ ထိုလူဆီမှ စီးကရက်ဘူးခွံစက္ကူပေါ်မှာရေးထားသည့် လိပ်စာကတ် တစ်ကတ် လက်ခံရရှိခဲ့သည်။ အမှုမဲ့အမှတ်မဲ့ဖြင့် တိုက်ခန်းတစ်ခန်းတွင် ငှားရမ်းနေထိုင်ပြီး တိုက်ခန်းပိုင်ရှင်မှာ စီးကရက်ဘူးခွံစက္ကူ လိပ်စာကတ် ပိုင်ရှင်ဖြစ်နေသည်။

ထိုအချိန်မှစ၍ မိမိဘာသာရုန်းကန်လှုပ်ရှားနိုင်သည့်စွမ်းရည်နိမ့်ပါးသော ချန်ခေါ့နှင့် တစ်ကိုယ်လုံး ဂန်းစတားပုံစံပေါက်နေသည့် အစ်ကို-၃ ကျန်းယွီသော်တို့၏ သဘောထားကွဲလွဲမှုနှင့်အတူ တွေ့ဆုံသည်နှင့် ရန်ဖြစ်ကြသည့် ကံကြမ္မာလည်း စတင်လာသည်။ 

တဖြည်းဖြည်း ပေါင်းသင်းဆက်ဆံလာရင်း အိမ်မှုကိစ္စတွင် တစ်စက်မှအသုံးမကျသော ချန်ခေါ့ဟူသည့်လူသားသည် သဲပန်းချီရေးဆွဲရာတွင် ဆရာတစ်ဆူဖြစ်ကြောင်း ကျန်းယွီသော်သိလိုက်ရပြီး ချန်ခေါ့၏ ဘဝအား စူးစမ်းချင်စိတ်များဖြစ်ပေါ်လာပြီးနောက် သိလာရသည်မှာ မိမိ အမြဲတမ်းရှောင်ဖယ်ချင်ခဲ့သော "သူတို့" နှင့် ပဟေဠိကဲ့သို့သော အတိတ်ရှိခဲ့ပြီး ချန်ခေါ့အား မိမိဘဝအရှုပ်အထွေးထဲသို့ ဆွဲသွင်းလာမိတော့သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now