အခန်း - ၁၅

585 86 5
                                    

Chapter ● 15 ●

ကျန်းယွီသော်သည် မရေတွက်နိုင်သော အိပ်ရေးပျက်ညပေါင်းများစွာကို တွေ့ကြုံခံစားခဲ့ဖူးသည်။ များသောအားဖြင့် သူသည် အမှောင်ထဲတွင် တစ်ယောက်တည်း မျက်လုံးကိုဖွင့်ကာ ထိုင်လျှင်ထိုင်၊ မထိုင်လျှင်လည်း လှဲနေရင်း ဖြတ်သန်းလေ့ရှိသည်။ တခါတရံ အသိများကိုခေါ်ပြီး သူနှင့်အတူ အရက်သောက်ရန်လည်း ချိန်းဆိုလေ့ရှိသည်။

သို့သော် ထိုကဲ့သို့အချိန်မှာ အလွန်ရှားပါးသည်။ အိပ်ရေးပျက်ခြင်းဟူသည်မှာ ရိုးရိုးအိပ်မပျော်ခြင်းမဟုတ်ပေ။ ပင်ပန်းဆင်းရဲမှု၊ နွမ်းနယ်မှု၊ ခေါင်းကိုက်ခြင်းနှင့် အမျိုးအမည်မသိသော တစ်ကိုယ်လုံး ထုံထိုင်းကိုက်ခဲခြင်းတို့ကိုလည်း ခံစားရသည်။ ထို့ကြောင့် အိပ်ရေးပျက်ညများကို ဖြတ်သန်းရန်အကောင်းဆုံးနည်းလမ်းမှာ တစ်ယောက်တည်း နေခြင်းဖြစ်သည်။

ထို့ပြင် ဤကဲ့သို့ အိပ်ရေးပျက်သောည၌ မိမိအိမ်ထဲတွင် လူတစ်ယောက်နှင့်အတူ စကားပြောနေသော အဖြစ်ကို သူဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။

ထို့ပြင် ထိုလူမှာ သူနှင့် လုံးဝကို ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသည့်လူဖြစ်ပြီး၊ ဘယ်ကလာမှန်း မူလဇာစ်မြစ်ကို မသိသော လူတစ်ယောက်လည်းဖြစ်သည်။ တခါတလေတွင် ထိုလူက ယုံကြည်၍ရသလိုခံစားရသော်လည်း တခါတရံတွင် မသင်္ကာစရာကောင်းသလိုလည်း ခံစားရသေးသည်။ သောက်သုံးမကျသည့် အမှိုက်သရိုက် သခင်လေး...။

သူတို့ကြားတွင် ဘာအကြောင်းတွေ ပြောစရာရှိနိုင်မှာလဲ...။

ပြောစရာခေါင်းစဉ်နှင့်အကြောင်းအရာ တစ်ခုတလေတောင် သူ့ခေါင်းထဲတွင် ပေါ်မလာပေ။

ထိုစဉ်ချန်ခေါ့က မေးလာသည်။

"အရက်ရှိလား"

"ခင်ဗျား ဘာအရက်သောက်ချင်လဲ"

"မင်းဖန်ခွက်တောင် တစ်လုံးတည်းရှိတာမလား။ ဒီလိုအခြေအနေမှာ ဘာအရက်သောက်မလဲဆိုတာ ရွေးစရာရှိလို့လား"

ကျန်းယွီသော်က ဘာမှမပြောဘဲ စီးကရက်ခဲထားရင်း ပြတင်းပေါက်နားရှိ ဗီရိုရှေ့သို့သွားကာ ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သည်။ ထို့နောက် ချန်ခေါ့အား လှည့်ကြည့်လိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now