အခန်း - ၂၃

597 80 3
                                    

Chapter ● 23 ●

ကျန်းယွီသော်သည် ထိုမေးခွန်းများကို မေးမိ၍ အနည်းငယ်နောင်တရသွားသည်။ သူသည် ဤကိစ္စများနှင့် ထိတွေ့ကြုံဆုံခဲ့ဖူးသော အတွေ့အကြုံလည်း မရှိခဲ့ဖူးပေ။ သူ့ အနှီလက်အောက်ငယ်သား ညီအစ်ကိုတစ်သိုက်နှင့် ဆုံကြ၍ ဆွေးနွေးပြောဆိုကြလျှင်လည်း ပြောဖြစ်သည့်အကြောင်းအရာများမှာ ကောင်မလေး၊ ရင်၊ ပေါင်တံ အစရှိသည့် အကြောင်းများသာ...။ လက်ရှိအသက်အရွယ်အထိ သူသည် ယခုမှသာ လိင်တူတိမ်းညွတ်သူကို ပထမဦးဆုံး တွေ့ဆုံဖူးခြင်းဖြစ်သည်။ ထို့ပြင် ထိုလိင်တူသဘောကျသူမှာ ချန်ခေါ့ကဲ့သို့သော ထူးဆန်းအံ့သြဖွယ်ကောင်းသည့် သခင်လေးဖြစ်နေသေးသည်။ ထို့ကြောင့် ပါးစပ်စည်းစောင့်ရန် လုံးဝမထိန်းချုပ်နိုင်ဖြစ်သွားခဲ့သည်။

နောက်ပိုင်းတွင် သည်အကြောင်းကို ဆက်လက်မပြောဆိုဖြစ်တော့သော်လည်း ဟော့ပေ့ါစားပြီးသွားသည့်အချိန်အထိ ချန်ခေါ့က စိတ်ကွက်သွားပြီး mood မကောင်းတော့မှန်း သိသာနေသည်။

ချန်ခေါ့က ဘာမှမဖြစ်ခဲ့သလို ပုံမှန်အတိုင်း ပြုံးနေကာ၊ စကားပြောလျှင်လည်း အရင်လေသံအတိုင်းပြောနေပြီး၊ အစာ စားချင်စိတ်ကိုတောင် လုံးဝ အနှောင့်အယှက်မဖြစ်သလိုပင်...။ မိမိနှင့် ဆတူနီးပါးတောင် စားသောက်နေသေးသည်။

သို့သော် ချန်ခေ့ါ၏ မျက်ဝန်းအကြည့်ထဲတွင် မိမိရင်းနှီးနေသော တစ်စုံတစ်ခုက ပျောက်ဆုံးနေသည်။ ကျန်းယွီသော်သည် မနေ့တစ်နေ့ကမှ ချန်ခေါ့နှင့် စတင်သိကျွမ်းသလို ထင်ယောင်ထင်မှားခံစားချက်ကို ခဏခဏခံစားရမိသည်။

ချန်ခေါ့က ငွေရှင်းလိုက်ပြီးနောက် ကျန်းယွီသော်သည် စီးကရက်တစ်လိပ်ကို မီးညှိပြီး ပါးစောင်တွင်ခဲကာ ဖုန်းယူထုတ်လိုက်သည်။

"တက်စီခေါ်လိုက်မယ်လေ၊ အခု အပြင်မှာ လေတိုက်အရမ်းပြင်းနေပြီ"

"အင်း"

"သောက်ဦးမလား"

ကျန်းယွီသော်က စီးကရက်ဘူးကို ချန်ခေါ့အား ကမ်းပေးသည်။

"တော်ပြီ၊ ဒီအထဲမှာ ပိတ်လှောင်နေတာ"

ချန်ခေါ့က ခေါင်းခါပြီး ငြင်းလိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now