အခန်း - ၉၃

514 69 1
                                    

Chapter ● 93 ●

ငါက ပုရွက်ဆိတ်လေး။

ဘာပုရွက်ဆိတ်လေးလဲ။

နှံကောင်တို့၊ နွားချေးပိုးကောင်တို့လို အင်းဆက်ပိုးကောင်တွေလား...။

ထိုစကားကိုကြားလိုက်ရချိန်တွင် ချန်ခေါ့သည် အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားခဲ့သည်။ ထိုပုရွက်ဆိတ်လေး၏တံတောင်ဖြင့် လွှဲရိုက်ခံလိုက်ရသောနေရာတွင် နာကျင်နေဆဲဖြစ်ကာ ပူစပ်စပ်ဖြစ်နေသည်။

သို့သော် သူသည် မျက်နှာပေါ်မှနာကျင်မှုကို ဂရုစိုက်ရန်အချိန်မရှိနေပေ။

ကျန်းယွီသော်က သူ့ဘေးမှဖြတ်ပြေးသွားချိန်တွင်ပြောလိုက်သော "ခွေးလေးပဲ" ဟုပြောလိုက်သောစကားကြောင့် ချန်ခေါ့ ကျောချမ်းသွားခဲ့ရသည်။

အကယ်၍ သည်လူသာ ထိုစဉ်က ကျန်းယွီသော်နှင့်အတူတူ နှိပ်စက်ခံရဖူးသော ခွေးလေးတစ်ကောင်ဖြစ်နေလျှင် ... ...။ ယခုအချိန်အထိတိုင် ကျန်းယွီသော်၏အာရုံမှောက်မှားမှုဖြစ်စေ၊ အတိတ်မှတ်ဉာဏ်ဖြစ်စေ၊ အားလုံးသောထိတ်လန့်မှုအကြောက်တရားတို့သည် အတွေးထဲတွင်သာ ဖွက်သိမ်းထားခဲ့သည်။ သို့သော် ယခုတွင် ဤခွေးလေးကြောင့် အတွေးထဲရှိအကြောက်တရားတို့သည် တကယ်လက်တွေ့အစစ်အဖြစ် ရုတ်တရက် ပြောင်းလဲလာနိုင်ခြေရှိသည်။

ဤသည်မှာ ရှိသမျှသောအကြောက်တရားအားလုံးကို တကယ်စင်စစ်အဖြစ် ရုတ်ခြည်းပြောင်းလဲသွားစေသော သက်သေအထောက်အထားဖြစ်သည်။

ချန်ခေါ့သည် ကျန်းယွီသော်ကို အသေစူးစိုက်ကြည့်နေပြီး မျက်လုံးထောင့်မှတဆင့်လည်း ထိုပုရွက်ဆိတ်လေးဆိုသူကို သတိထားကြည့်နေသည်။

မည်သည့်လှုပ်ရှားမှုအပြုအမူတစ်ခုတစ်လေ၊ အကြည့်တစ်ချက်ကိုမှ အလွတ်မခံပေ။

"... ... ပုရွက်ဆိတ်လေး ဟုတ်လား"

ကျန်းယွီသော်က အချိန်အတော်ကြာအောင် ရပ်တန့်တိတ်ဆိတ်နေပြီးတော့မှ အသံဖွဖွနှင့်မေးလာသည်။

"ဟုတ်တယ်လေ။ ငါက ပုရွက်ဆိတ်လေးလေ"

ကျန်းယွီသော်သည် ထိုလူ၏အင်္ကျီကော်လာကို ဆုပ်ကိုင်ထားသောလက်ကို တဖြည်းဖြည်းလွှတ်ပေးလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ ပုရွက်ဆိတ်လေးကိုစိုက်ကြည့်နေပြီး တစ်ကိုယ်လုံးအပေါ်အောက်ကို အချိန်အတော်ကြာအောင် အကဲခတ်နေလိုက်ပြီးနောက်မှ -

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now