အခန်း - ၁၃

618 86 3
                                    

Chapter ● 13 ●

ကျန်းယွီသော်သည် စကားမပြောတော့ဘဲ လက်မောင်းကို ခေါင်းအုံးပြီး ဆိုဖာပေါ်တွင် လှဲနေသည်။ ကြည့်လိုက်လျှင် အိပ်ပျော်နေသည့်ပုံ...။

သို့သော် ခပ်တင်းတင်းကျုံ့ထားသော မျက်ခုံးနှင့် လှုပ်ရှားနေသော မျက်တောင်တို့ကြောင့် ကျန်းယွီသော်တစ်ယောက်အိပ်ပျော်နေခြင်းမဟုတ်မှန်း ချန်ခေါ့အတပ်သိသည်။ ထို့ပြင် နေမကောင်း၍လည်း ဖြစ်လိမ့်မည် ထင်သည်။

လှပတဲ့ကိစ္စကဘာလဲ....။

ချန်ခေါ့သည် 'ကိုယ်ရံတော်ချုပ် ချန်' ပြောသွားသည့်စကားကို နားမလည်လိုက်ပေ။ သို့သော် ဖုန်းကိုထုတ်ပြီး "မူးဝေလှပ" ဆိုသည့်စာလုံးကို စာရိုက်ရှာလိုက်သည်နှင့် Meniere ရောဂါ ကို တွေ့လိုက်ရသည်။

[T/N : Meniere ရောဂါကို တရုတ်လို (美尼尔氏综合症 měi ní ěr shì zònghé zhèng) လို့ခေါ်ပါတယ်။ Meniere ကို တရုတ်လိုဖလှယ်ထားတဲ့အသံထွက်က လှပသောကိစ္စ (美丽的事měilì de shì) နဲ့တူလို့ ဆရာသမား ချန်ချင့်က ရောဂါနာမည်အမှန်ကို မခေါ်တတ်တာနဲ့ နီးစပ်တဲ့အသံထွက်ကို အဆင်ပြေသလိုပြောလိုက်တာပါ။

Meniere ရောဂါကတော့ နားရွက်အတွင်းခန်းထဲက သွေးကြောလွှာရောင်ရမ်းလို့ နားလေထွက်ခြင်းနဲ့ မူးဝေခြင်းတို့ကို ဖြစ်စေတဲ့ရောဂါပါလို့ Google မှာပြောထားပါတယ်။]

အဆိုပါရောဂါမှာ ခန့်မှန်းခြေအဆင့်သာရှိသေးသည်ဟု ချန်ချင့်ပြောသော်လည်း တကယ့်တကယ်မှာ သေချာမစစ်ဆေးဖူးပေ။ သို့နှင့် ချန်ခေါ့က ရောဂါမိတ်ဆက်နှင့် လက္ခဏာတို့ကို တစ်ခေါက်ဖတ်ကြည့်လိုက်သည်။

ရောဂါထသည့်အချိန်၊ လက္ခဏာပြသည့်အချိန်တွင် လူနာသည် မျက်လုံးကိုမဖွင့်ရဲ၊ ခန္ဓာကိုယ်လည်း မလှည့်နိုင်ဘဲ ငြိမ်ငြိမ်သက်သက် လှဲအိပ်နေရန်လိုအပ်သည်။ ဒေါထထွက်၊ စိတ်လှုပ်ရှားရန် မသင့်သော်သလို အစားအသောက်ကိုလည်း အရသာပေါ့ပါးပြီး ဆားဓါတ်နည်းသည့် အစားအစာများကိုသာ စားသောက်သင့်သည်။ ဆေးလိပ်၊ အရက်၊ လက်ဖက်ရည်များကို လုံးဝမသောက်သုံးသင့်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now