အခန်း - ၇

668 80 12
                                    

Chapter ● 7 ●

တစ်မိသားစုလုံးက သတ်မှတ်ထားသော 'ဆန်ကုန်မြေလေး' ဟူသည့် ဘွဲ့နာမည်ကို ချန်ခေါ့သည် ခေါင်းထဲ အထူးတလည် မထည့်မိသော်လည်း တစ်ခါတလေတွင် စိတ်မကျေမနပ်တော့ ဖြစ်မိသည်။

သို့ပေသိ ယနေ့တွင် သူသည် 'ဆန်ကုန်မြေလေး' ဟူသော အခေါ်အဝေါ်အပေါ် ဗဟုသုတအသစ် တိုးပွားလာသကဲ့သို့ အသိအမြင်အသစ်တစ်ခုကို မှတ်သားလိုက်ရသည်။

ချန်ခေ့ါသည် အသစ်ဝယ်လာသော အိပ်ရာခင်းကို မွေ့ရာပေါ်တွင် ဖြန့်ခင်းပြင်ဆင်နေသည်မှာ ၁၅ မိနစ် ကျော်လာပြီဖြစ်သည်။ အနှီအိပ်ရာခင်းမှာ ဘယ်ဘက်ကိုဆွဲလျှင် ညာဘက်က တိုသွားသည်။ ညာဘက်ကို ပိုဆွဲလျှင် ဘယ်ဘက်က တိုသွားသည်။ အလယ်တွင်လည်း လေခိုသလို လှိုင်းတွန့်ဖြစ်နေပြီး ဘယ်လိုပဲ ပြန့်ပြူးလာအောင် ဆွဲဆွဲ၊ အနည်းဆုံး အတွန့်ကြောင်း ၃ ခုကတော့ ကျန်နေသည်။ တစ်ကိုယ်လုံးလည်း ချွေးများဖြင့် စိုရွှဲလာပြီး ခါးပေါ်မှ ဒဏ်ရာပင် နာကျင်လာသော်လည်း အိပ်ရာခင်းကို ချောမွေ့အောင် မခင်းနိုင်ခဲ့ပေ။

နောက်ဆုံးတွင် လက်လျှော့ရန်ဆုံးဖြတ်လိုက်ပြီး ဂွမ်းကပ်စောင်၏အစွပ်ကိုယူပြီး တစ်ခဏကြည့်လိုက်သည်။ စွပ်ကြည့်ရန် လုံးဝမကြိုးစားတော့ဘဲ ဂွမ်းကပ်အစွပ်ကို အိပ်ရာပေါ်တွင် ဖြန့်ခင်းလိုက်သည်။ အစွပ်ပေါ်တွင် ဂွမ်းကပ်ကို ထပ်ခင်းသည်။ ခေါင်းအုံးကိုလည်း ထိုနည်းအတိုင်း ခေါင်းအုံးအစွပ်ကို ခေါင်းအုံးပေါ်တွင် ဖြန့်တင်ထားလိုက်သည်။ ထို့နောက် လဲဝတ်ရန် အဝတ်အစားများကိုယူပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။

ရွှီတင်း၏တိုက်ခန်းတွင် တည်းခိုနေစဉ်အခါက ချန်ခေါ့သည် နေ့တိုင်းရေချိုးဖြစ်ခဲ့သော်လည်း ဘာကြောင့်မှန်းမသိဘဲ ယခု ရေချိုးရန် အင်္ကျီချွတ်လိုက်သောအခါတွင် မိမိအိမ်မှထွက်လာသည့်နေ့မှစပြီး တောက်လျှောက် တစ်ခါမှ ရေမချိုးခဲ့သလို ထင်ယောင်ထင်မှားဖြစ်လာသည်။

ယခုမှသာ ကိုယ့်ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်အိမ်ဟု ခံစားလာရသောကြောင့် ဖြစ်လိမ့်မည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now