အခန်း - ၉၉ (ဇာတ်သိမ်း)

1.6K 100 2
                                    

Chapter ● 99 ●

(Final Chapter)

ဆိုင်ဖွင့်ပွဲနေ့တွင် ချန်ခေါ့နှင့်ကျန်းယွီသော်တို့နှစ်ယောက်စလုံးသည် စောစောစီးစီးအိပ်ရာနိုးနေကြသည်။ စိတ်လှုပ်ရှားလွန်း၍တော့မဟုတ်ပါ။ ဆိုင်လေးတစ်ဆိုင် စတင်ဖွင့်လှစ်ခြင်းက စိတ်လှုပ်ရှားစရာအကြောင်းမရှိပါ။ အဓိကအကြောင်းမှာ ဖုန်းက တောက်လျှောက်မြည်နေ၍ဖြစ်သည်။ စာတိုများ မရပ်မနားဝင်လာနေသည်။

"မင်းရဲ့ဟိုလက်အောက်ငတိတွေကို ခဏနေ ငါတွေ့လို့ရှိရင် တစ်ကောင်ရှိရင်တစ်ကောင် ဆော်ပစ်မယ်။ တစ်ကောင်ကိုမှ အလွတ်မပေးဘူး"

ချန်ခေါ့က မျက်နှာကိုခေါင်းအုံးထဲတွင်မြှုပ်ထားပြီး ဆက်၍ -

"မစ်တီးဆိုင်တစ်ဆိုင် ဖွင့်ပွဲလုပ်တာကို သူတို့ဒီစိတ်အားထက်သန်နေတဲ့ပုံကြီးက ကြယ်ခြောက်ပွင့်အဆင့်ဟိုတယ်ဖွင့်တာလားတောင် ထင်ရတယ်"

ကျန်းယွီသော်က ဖုန်းကိုယူကြည့်လိုက်ရင်း ရယ်လိုက်ကာ -

"ရောက်နေတဲ့လူတောင်ရှိပြီ"

"ဖွင့်ပွဲမင်္ဂလာအချိန်က ၁၁နာရီ ၁၈မိနစ်မဟုတ်ဘူးလား"

ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်၍ -

"အခု ၈ နာရီတောင် မထိုးသေးဘူး။ သူတို့ဘာသွားလုပ်ကြတာလဲ။ လမ်းကိုပိတ်ပစ်ဖို့ပါ စဉ်းစားထားကြတာလား"

"အော့ထူးမနေ့ညက ကတ်ဆော့ရင်း လုံးဝကိုမအိပ်ရသေးတာ။ ဆော့ပြီးတာနဲ့ တစ်ခါတည်းလူခေါ်ပြီး သွားလိုက်တာ။ ငတုံး"

ကျန်းယွီသော်က ရယ်ရင်းပြောလိုက်သည်။

"ဝမ်းသာလား"

ချန်ခေါ့က ခေါင်းကိုစောင်းပြီး သူ့ကိုကြည့်လိုက်သည်။

ကျန်းယွီသော်က ချန်ခေါ့အားတစ်ချက်ကြည့်လိုက်ပြီးနောက် -

"မဆိုးပါဘူး။ ဒီလိုပါပဲ"

"တကယ်လား"

ချန်ခေါ့က ရယ်လိုက်သည်။

"ဝမ်းသာတယ်"

ကျန်းယွီသော်သည် အစတုန်းက ထထိုင်လိုက်ပြီးသားဖြစ်သော်လည်း ထပ်လှဲလိုက်ပြီး ချန်ခေါ့ကို ဖက်လိုက်သည်။ ချန်ခေါ့နားရွက်နားသို့ တိုးကပ်သွားပြီး တဟေးဟေးရယ်လိုက်ပြီးနောက် -

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now