အခန်း - ၇၅

492 81 4
                                    

Chapter ● 75 ●

ရွှီတင်းနှင့်အတူ ညစာစားပြီးသွားပြီးနောက် ဆိုင်နှင့်ပတ်သက်သောကိစ္စများအကြောင်းကို ထပ်ဆွေးနွေးဖြစ်သည်။ ရွှီတင်း၏ဖုန်းမြည်သွားသောအခါ တစ်ချက်ကြည့်လိုက်ပြီးနောက် ရွှီတင်းက -

"ရှာလို့ရပြီ။ မင်းကို ပို့ပေးလိုက်မယ်။ ငါ့ဆီကဟာကိုတော့ ဖျက်ပစ်လိုက်မယ်"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်ဖြေလိုက်ပြီးနောက် ရုတ်တရက်စိတ်တင်းကျပ်လာသည်။

"မြန်လိုက်တာ"

"ဖုန်းအဝင်အထွက်အသေးစိတ်စာရင်းလေး ရှာတာလေ၊ ဘယ်လောက်ခက်နိုင်မှာမို့လို့လဲ။ တကယ်လို့ မင်းဆီမှာသာ သူ့စာရွက်စာတမ်းအထောက်အထားတွေရှိနေရင် တစ်ခါတည်းတန်းသွားပြီး ရှာကြည့်လို့တောင်ရတယ်"

ချန်ခေါ့က ရယ်လိုက်ရင်း ရွှီတင်းပို့လာသော ဖိုင်ကိုစိုက်ကြည့်နေပြီး ယခုချက်ချင်းဖွင့်ကြည့်ရမည်လား သို့မဟုတ် အိမ်ပြန်ရောက်မှကြည့်ရမည်လားဆိုသည်ကို ဝေခွဲမရနိုင်ဖြစ်နေသည်။

သူသည် ယခုချက်ချင်း ဖွင့်ကြည့်ပြီး ချက်ချင်းရှာကြည့်ချင်နေသည်။ လွန်ခဲ့သောနှစ်လအတွင်းခေါ်ဆိုခဲ့သော ဖုန်းခေါ်ဆိုမှုမှတ်တမ်းထဲမှ ဒေသတွင်းဖုန်းနံပါတ်မဟုတ်သော ဖုန်းနံပါတ်တစ်ခုချင်းစီကို ရှာထုတ်ချင်သည်။ ထို့နောက် နှစ်သစ်ကူးနွေဦးပွဲတော်ကာလတွင် နှင်းမကျသောမြို့ကို ထပ်ရှာကြည့်မည်။

သို့သော် တစ်အောင့်ခန့်တွေဝေနေပြီးမှ သူသည် ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် အလောတကြီးဖြစ်နေသောပုံစံကို ထုတ်မပြချင်ပေ။ ကျန်းယွီသော်၏အခြေအနေက သိပ်ပြီးကောင်းမွန်နေခြင်းမရှိနေလောက်ဘူးဟူ၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထင်မြင်မသွားစေလိုပေ။

ရွှီတင်းက အာရုံဝင်စားစွာ စကားအနည်းငယ်ဆက်ပြောနေပြီးနောက်မှ စားပွဲထိုးကိုခေါ်ပြီး ငွေရှင်းလိုက်သည်။

"မင်းကိုငါ ပြန်လိုက်ပို့ပေးမယ်လေ"

"အင်း"

《ဖြေဆေး》- ဘာသာပြန် 『Completed』حيث تعيش القصص. اكتشف الآن