အခန်း - ၁၀

651 90 5
                                    

Chapter ● 10 ●

ချန်ခေါ့သည် ဆွဲသွင်းခံလိုက်ရသော နံရံအတွင်းထဲမှ လမ်းဘက်သို့ ပြန်ထွက်လာသည်။ ထိုအထဲတွင် တရုန်းရုန်းနှင့် ပွဲစည်နေသေးပြီး လူအတော်များများကလည်း ဝိုင်းအုံကြည့်နေသည်။

ကျန်းယွီသော်၏ နောက်လိုက်တစ်သိုက်လည်း ဘယ်လိုအခြေအနေတွေ ဖြစ်ကုန်ပြီမှန်း မသိနိုင်ပေ။ မူလက ဇာတ်သိမ်းကို သွားကြည့်ချင်ခဲ့သော်လည်း နှစ်စက္ကန့်ခန့်ရပ်ပြီး ကျန်းယွီသော်ပြောခဲ့သော စကားများကို ပြန်သတိရသွားသည်။

ဒီကောင်တွေက ကိုယ့်ကိုယ်ကို လူလို့ သတ်မှတ်ထားကြတာမဟုတ်ဘူး...။

သူပြောသွားသော 'ဒီကောင်တွေ' ထဲမှာ သူကိုယ်တိုင်လည်း ပါလေမလား...။

အဓိပ္ပါယ်မရှိတဲ့သောက်ပိုတွေကို လျှောက်တွေးနေတာပဲဟု ရုတ်တရက်ခံစားလာရပြီးနောက် ချန်ခေါ့သည် စူပါမားကက်ဘက်သို့ လျှောက်ထွက်လာသည်။

ခြေလှမ်းအနည်းငယ်ခန့် လျှောက်လိုက်ပြီးနောက် ချန်ခေါ့သည် ကျန်းယွီသော် ထွက်ခွာပျောက်ကွယ်သွားသော လမ်းဘက်သို့ တစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။ ယခု ရှုထောင့်ပြောင်းပြီး ပြန်ကြည့်မှသာ ကျန်းယွီသော်ပျောက်ကွယ်သွားသောနေရာမှာ လမ်းတစ်လမ်းမဟုတ်ကြောင်း သတိထားမိတော့သည်။ အဆောက်အအုံတစ်ခုနှင့် အုတ်တံတိုင်းတစ်ခုကြားရှိ ကျဉ်းမြောင်းပြီး လူသွား၍သာရသော လူသွားလမ်းကျဉ်းလေးသာသာပဲရှိသည်။ မှောင်မိုက်နေပြီး ထိုအထဲသို့ ကျန်းယွီသော်ဝင်သွားသည်ကိုသာ မမြင်လိုက်ရပါက ထိုနေရာတွင် လူသွား၍ရသော လမ်းကြောင်းလေးရှိမှန်း ချန်ခေါ့အနေနှင့် လုံးဝသိနိုင်မည်မဟုတ်ပေ။

ကျန်းယွီသော်သည် ဤအနီးတဝိုက်တွင် ကြီးပြင်းသော မူလလက်ဟောင်း ဂိုဏ်းစတားခေါင်းဆောင်ဖြစ်လိမ့်မည်။ ဦးနှောက်ထဲတွင် ထွက်ပြေးရန်နှင့် လွတ်လမ်းရှာရန်အတွက် အသုံးပြုသော လမ်းပြမြေပုံတစ်ခုလည်း ရှိနေလိမ့်မည်။

လူတိုင်း၏ခေါင်းထဲတွင် ထိုကဲ့သို့သော မှတ်ဉာဏ်များ အသီးသီးရှိကြသည်။ ထိုမှတ်ဉာဏ်မှာ လမ်းပြမြေပုံတစ်ခုဖြစ်နိုင်သလို အခြားအမျိုးမျိုးသော အထူးသီးသန့် ကျွမ်းကျင်မှုအဆင့်ဆင့်ပြကားချပ်များလည်း ဖြစ်နိုင်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Tahanan ng mga kuwento. Tumuklas ngayon