အခန်း - ၉၁

601 70 1
                                    

Chapter ● 91 ●

ကျန်းယွီသော် "ခရီး" ထွက်သွားသော ဤလပိုင်းအတွင်း ချန်ခေါ့သည် တစ်ခါတစ်ရံတွင် ချန်ချင့်၊ သာ့ပင်းတို့အုပ်စုနှင့် ချိန်းဆိုတွေ့ဆုံဖြစ်သည်။ ထမင်းအတူစားခြင်း၊ ညလယ်စာစားခြင်း၊ ရံဖန်ရံခါ လမ်းပေါ် ဟိုဟိုဒီဒီလမ်းလျှောက်လှည့်လည်ရင်း အမှိုက်ပုံးရေတွက်ခြင်းများကို ပြုလုပ်လေ့ရှိသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ခေတ္တစန်းကောအနေဖြင့် တာဝန်ယူထားမိသည်မဟုတ်ပါလား။ ထို့ကြောင့် ဤငတိအုပ်စုများကို စိတ်အေးအောင် လုပ်ပေးသင့်သလို စန်းကောမရှိသော်လည်း သည်နေရာက စန်းကော၏နယ်မြေပိုင်နက်ဖြစ်နေဆဲဖြစ်ကြောင်း၊ လက်လွှတ်ပေးဝေပစ်ရန်အစီအစဉ် လုံးဝမရှိကြောင်းတို့ကိုလည်း တခြားလူများသိအောင် ပြသရသေးသည်။

သို့သော်လည်း ချန်ချင့်နှင့်သာ့ပင်းတို့ ကျန်းယွီသော်ကိုမြင်လိုက်ချိန်တွင် ဖြစ်သွားသော စိတ်လှုပ်ရှားတက်ကြွမှုကိုကြည့်ပြီး သူတို့ရင်ထဲရှိ စန်းကော၏နေရာကို မည်သူတစ်ဦးတစ်ယောက်မှ ဝင်အစားထိုး၍မရနိုင်ကြောင်းကို ချန်ခေါ့ကသိလိုက်ရသည်။

ကျန်းယွီသော်သည် အလွန်ကောင်းသောသူတစ်ယောက်ဖြစ်သည်။ လမ်းပေါ်တွင် ကျင်လည်နေတတ်သူတစ်ယောက်ဖြစ်နေစေကာမူ လူတစ်စုအား သူ့ကိုသာ ခေါင်းဆောင်လောင်သာ့တစ်ယောက်အဖြစ် တစ်စိုက်မတ်မတ် သတ်မှတ်ရန် လုပ်နိုင်စွမ်းရှိသူဖြစ်သည်။

ချန်ခေါ့သည် စိတ်မထိန်းနိုင်ဘဲ အနည်းငယ်တော့ နောင်တရပြီးနှမြောသလို ခံစားရသည်။ အကယ်၍ ကျန်းယွီသော်သာ ငယ်စဉ်ကလည်းက သာမန်ကျပြီး ပုံမှန်ဖြစ်သော ဘဝဖြတ်သန်းပုံနှင့် ပုံမှန်မိသားစုတစ်ခုကိုသာ ပိုင်ဆိုင်ခဲ့ရပြီး ပုံမှန်သမားရိုးကျသောပညာရေးကိုသာ သင်ယူခဲ့ဖူးပါက ယခုဆိုလျှင် ... ...

မဟုတ်ဘူး။ ထိုကဲ့သို့ဖြစ်ရန် မလိုအပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ကျန်းယွီသော်၏ နှစ်လိုဖွယ်ကောင်းသောဆွဲဆောင်မှုနှင့် လူများကိုဆက်ဆံသဘောထားသောနည်းလမ်း၊ သူ့နောက်ကို ယုံကြည်ကိုးစားစွာလိုက်ပါကြသောငတိတစ်သိုက်ကို စိတ်သက်သာငြိမ်းအေးစေသည့် အားလုံးသော စတိုင်များ၊ အစရှိသဖြင့် အားလုံးတို့သည် သူ၏လူတကာနှင့်မတူသောအတွေ့အကြုံများမှ ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now