အခန်း - ၈၇

510 70 3
                                    

Chapter ● 87 ●

မီလိအော်က အောက်ထပ်ကို အရင်ဆင်းသွားသည်။ ချန်ခေါ့သည် သဲပန်းချီစားပွဲပေါ်တွင်ရှိ မြင်မကောင်းရှုမကောင်းဖြစ်နေသော ပန်းချီမြင်ကွင်းပုံကို ဖျက်ပစ်လိုက်၏။ ဘယ်ဘက်လက်ဖြင့် သဲပန်းချီရေးဆွဲရာတွင် လက်မယဉ်နေ၍သာတော်သေးတော့သည်။ ဆွဲထားသည်မှာ စိတ္တဇပန်းချီဘက်သို့ အနည်းငယ်ယိမ်းနေသည်။ အကယ်၍ ညာဘက်လက်နှင့်သာဆိုလျှင် ... ...

သူသည် တတိယထပ်ရှိ သန့်စင်ခန်းသို့သွားပြီး မျက်နှာသစ်လိုက်ကာ ကိုယ့်စိတ်ခံစားချက်ကိုကိုယ် ပုံမှန်ပြန်ဖြစ်အောင် ပြန်လည်တည်ဆောက်လိုက်ပြီးနောက် အောက်ထပ်သို့ဆင်းလာသည်။

မီလိအော်က အသစ်ရောက်လာသောဧည့်ကြိုဝန်ထမ်း ဟွေ့ဟွေ့နှင့်အတူ ဧည့်သည်များနှင့် ပြောဆိုဆွေးနွေးနေသည်မှာ ပြီးစီးသလောက်ဖြစ်နေပြီ။ ချန်ခေါ့အတည်ပြုသဘောတူပေးရန်လိုအပ်သော အသေးစိတ်အချက်အနည်းငယ်ကိုသာ ချန်ထားပေးသည်။

ချန်ခေါ့က အတည်ပြုပေးလိုက်ပြီးနောက် ဧည့်သည်များက ကြိုတင်ငွေပေးလိုက်ကာ ပြန်သွားကြသည်။ သူသည် စားပွဲဘေးနားတွင်ထိုင်ပြီး မီလိအော်နှင့်ဟွေ့ဟွေ့တို့နှစ်ယောက်သား ပြင်ဆင်ရန်လိုအပ်သောကိစ္စအချို့အကြောင်းကို ဆုံးဖြတ်သတ်မှတ်နေကြပြီးနောက် ဝိုင်အရက်စိမ်ရန် စတင်ပြောဆိုဆွေးနွေးနေကြသည်ကို နားထောင်နေသည်။

"ကိုယ်တို့ဆိုင်က အရက်စိမ်မှာလား"

ချန်ခေါ့က ဝင်မေးလိုက်သည်။

"ရွှီကောက နည်းနည်းပါးပါးစိမ်ပြီးလုပ်လို့ရတယ်တဲ့။ ပမာဏနည်းနည်းပဲလေ။ ဆိုင်ကိုအလာများပြီး ရင်းနှီးတဲ့ဧည့်သည်တွေကို နည်းနည်းပါးပါးလက်ဆောင်ပေးလို့ရတယ်။ ကိုယ့်ဘာသာကိုယ်စိမ်တဲ့ ဘီယာတို့၊ သစ်သီးဝိုင်တို့၊ စပျစ်ဝိုင်တို့ဘာတို့ပေါ့။ တော်တော်စိတ်ဝင်စားဖို့ကောင်းမှာ။ ဧည့်သည်ကိုယ်တိုင်စိမ်ချင်တယ်ဆိုလည်း သူတို့စိမ်ထားတဲ့အရက်ကို ဒီဆိုင်မှာ ထားပြီး ဒီမှာလာစားတဲ့အချိန်ကျရင်လည်း ထုတ်သောက်လို့ရတယ်"

မီလိအော်က ပြောလိုက်ခြင်းဖြစ်သည်။

ချန်ခေါ့က ခေါင်းညိတ်လိုက်ရင်း "အင်း" ဟု ဆိုသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Onde histórias criam vida. Descubra agora