အခန်း - ၄၁

584 77 5
                                    

Chapter ● 41 ●

ဗီဒီယိုရိုက်ကူးရေးအား ဘယ်နေရာတွင်ရိုက်ကူးမလဲဆိုသည်ကို ရွှီတင်းနှင့်ချန်ခေါ့ နှစ်ယောက်စလုံးက တစ်ယောက်မှ ပြောမလာကြပေ။ ကျန်းယွီသော်လည်း မေးမြန်းရန် အားနာနေသည်။ ချန်ခေါ့က ပထမဦးစွာ စာရွက်ပေါ်မှ အကြောင်းအရာများကို အရင်ဖတ်ရှုနေလိုက်ပြီးတော့မှ ရွှီတင်း၊ လင်ရွှိတို့နှင့် တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ဆွေးနွေးနေသည်။

သူတို့ပြောဆိုဆွေးနွေးနေသည်များမှာ ရိုက်ကူးရေးနှင့်ပတ်သက်သည့်အကြောင်းအများသာဖြစ်ပြီး ကျန်းယွီသော်က တစ်လုံးတစ်ပါဒမှ နားမလည်ပေ။ သူ့အနေဖြင့် ထိတွေ့ခဲ့ဖူးသော "ရိုက်ကူးရေး" မှာ ချန်ချင့်၏ ဗီဒီယိုအတိုရိုက်ကူးရေးသာရှိသည်။

ထို့ကြောင့် ကျန်းယွီသော်မှာ ကားပြတင်းအပြင်ဘက်ကို လှည့်ပြီး ငေးကြည့်နေရုံသာ တတ်နိုင်သည်။

ကားက တောင်ဘက်သို့ ဦးတည်မောင်းနှင်နေသည်။ မြို့တွင်းကိုဖြတ်သန်းပြီး ဆင်ခြေဖုံး မြို့အစွန်ဘက်သို့ မောင်းလာသည်။

ဤပတ်ဝန်းကျင်တွင် စိုက်ပျိုးမွေးမြူရေးလယ်ခင်းများ တော်တော်များများရှိနေသည်။ ယခုကဲ့သို့ အေးစက်နေသောရာသီဥတုတွင်တောင် အဝင်ပေါက်ဝတွင် မနည်းလှသော မော်တော်ကားများ ရပ်နားထားသည်။

"ဒီလိုအချိန်မှာတောင် ဒီဘက်ကို တကူးတကလာကြတဲ့သူတွေရှိတာလား။ ဒီဘက်မှာ ဘာလည်စရာရှိလို့လဲ"

ချန်ခေါ့က မေးလာခြင်းဖြစ်သည်။

"နှစ်သစ်ကူးတော့မှာလေ။ လယ်တောရွာတွေက နှစ်သစ်ကူးမတိုင်ခင် ဖြတ်သန်းပြင်ဆင်ကြပုံကို ခံစားကြည့်ချင်လို့ဖြစ်မှာပေ့ါကွာ၊ အပူပေးအုတ်ချပ်အိပ်ရာမှာ အိပ်တဲ့အတွေ့အကြုံကိုလည်း ခံစားရင်းပေါ့။ ဘာပဲဖြစ်ဖြစ် လည်ချင်ပတ်ချင်တဲ့သူတွေကတော့ ဘာလုပ်လုပ်ကို သူတို့အတွက် ပျော်စရာတွေပဲဖြစ်နေမှာပဲ"

ရွှီတင်းက ရှင်းပြလာသည်။

"အဲဒါလည်း ဟုတ်တာပဲ။ ငါတို့ရဲ့ ဒီနေ့ရိုက်ကူးရေးက အဲဒီလိုပဲလား။ ကျေးလက်ပုံစံ ရိုက်ကူးရေးလိုမျိုး"

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now