အခန်း - ၄၆

515 74 2
                                    

Chapter ● 46 ●

"လျန်ယိက (၃) လွှာကို ဖြစ်စေချင်တဲ့စိတ်ကူးတွေအများကြီးရှိနေတယ်။ သဘာဝကျအောင်တော့ လုပ်ရဦးမှာပဲ"

ချန်ခေါ့က လှေကားအတိုင်း အပေါ်ထပ်သို့ တက်သွားသည်။

ချန်ခေါ့သည် လျန်ယိနှင့်အတူ ဆိုင်ထဲတွင် အတော်ကြာအောင် ဆွေးနွေးနေခဲ့သည်။ လျန်ယိထွက်သွားပြီးနောက် ချန်ခေါ့သည် ရွှီတင်းနှင့်အတူ ဆက်လက်ပြီး ဆိုင်ထဲတွင် အပြန်ပြန်အလှန်လှန် လိုက်ပတ် ကြည့်ရှုနေသည်။

"မင်း ထပ်ပြီး အကြံထုတ်ကြည့်လိုက်ပေါ့။ ငါကတော့ အပြင်ဘက်ကို လုံးလုံးလျားလျား ထုတ်ပြတာမဟုတ်ဘဲ ပိုပြီး ပရိုဗိတ်ဆန်တာမျိုးကို ပိုလိုချင်တယ်။ salon ခန်းလည်း လုပ်လို့ရတယ်။ အဲဒီလိုဆိုရင် နားနေခန်းကို သုံးလွှာမှာထားရင်လည်း အနှောင့်အယှက်မဖြစ်တော့ဘူး"

ရွှီတင်းက ပြောလိုက်သည်။

ဤဆိုင်သည် ချန်ခေါ့ မှန်းဆထားသည်ထက် အများကြီး ပိုကျယ်ပြီး ကြီးမားသည်။ သုံးထပ်ရှိပြီး တစ်ထပ်စီတိုင်းက ဧရိယာကျယ်ဝန်းလှသည်။ ပတ်ပတ်လည်တွင် တပ်ဆင်တည်ဆောက်ထားသော မျက်နှာကျက်မှကြမ်းပြင်အထိ နံရံအပြည့်တပ်ဆင်ထားသော ပြင်သစ်စတိုင်ပြတင်းပေါက်မှတဆင့် မြင်နေရသော အပြင်ဘက် ပတ်ဝန်းကျင်ကလည်း လှပကောင်းမွန်ပြီး ပွင့်လင်းကျယ်ဝန်းသည်။ ဘေးတစ်ဖက်တွင်လည်း အစိမ်းရောင်အခင်းကြီးတစ်ခုကို မြင်နေရသေးသည်။

သို့သော်လည်း ယခုလောလောဆယ်တွင် ဘယ်ဘက်သို့ကြည့်ကြည့် အားလုံးက အဖြူရောင်ဖြစ်နေသည်။

ချန်ခေါ့သည် နှင်းကျသည်ကို သိပ်မနှစ်သက်သည့်သူဖြစ်သည်။ နွေးထွေးသော အခန်းထဲတွင် နေပူစာလှုံပြီး နှင်းပြင်ကို ကြည့်နေရစေကာမူ သူ့အတွက် အရာအားလုံးသည် အထီးကျန်စရာဖြစ်နေပြီး၊ အချိန်ကာလကြာလာသည်နှင့်အမျှ ပင်ပန်းလာသည်။

သူသည် နားနေခန်းတံခါးကို တွန်းဖွင့်ပြီး အခန်းတွင်းသို့ဝင်လာကာ ပြတင်းပေါက်ဘေးနားတွင် ရပ်လိုက်သည်။ စောစောပိုင်းက တောက်လျှောက်ပင် ခေတ္တခဏအနားမယူဖြစ်ခဲ့ပေ။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now