ပန်း ပျိုး လက် ( ၁ ) ပန်းရင့်ဋီကာ 🌸
" နင်ဟာလေ ကောင်းကျိုးမပေးတဲ့ကလေး .."
ရုတ်တရက် နားထဲဝင်လာသည့်အသံကြောင့်
သံစဥ်တခုမှာ စီးမြောနေရာမှ ဆတ်ခနဲဖြစ်သွားရသည် ။ပတ်ဝန်းကျင်ကိုလည်း သတိထားလိုက်မိ၏ ။
အသက်အရွယ်အားဖြင့်
လေးဆယ်ကျော်ရုံသာရှိသေးမည့် အမျိုးသမီးက
ရှစ်နှစ်အရွယ်ကောင်လေးတယောက်ကို ဆူပူနေသည် ။" နင့်ကိုမွေးပြီးကတည်းက ငါ့မှာအခက်အခဲချည်းဘဲ
ငါကောင်းကောင်းရှာဖွေကျွေးနေရင် အေးဆေးစားစမ်းပါ "ဂျိုင်းပြတ်အကျီပေစုတ်စုတ်လေးကိုဝတ်ထားပြီး
လက်ထဲမှာလဲ ပေါင်မုန့်တချပ်ကို ကိုင်ထားတဲ့ကလေး ။မျက်လုံးဝိုင်းလေးနဲ့ သူ့အမေကိုပြန်ကြည့်နေပုံက
နားမလည်သလို ဖြူစင်သည့်အကြည့်လေးတွေနဲ့ဖြစ်သည် ။ဟုတ်တာပေါ့ ။
ဒီအရွယ်ကလေးတယောက်က ဘာနားလည်ဦးမှာလဲ ။
မိဘတွေခက်ခဲပါစေတော့ရယ်လို့
ဒီကလေးစိတ်မှာ ဘယ်လိုရည်ရွယ်ခဲ့မှာလဲ ။ကံကြမ္မာဆိုလျှင်တောင်မှ
အဲ့ဒီကံကြမ္မာကို ဒီကလေးဘယ်လိုသိမှာတဲ့လဲ ။" ငါ့မှာ စားဖို့သောက်ဖို့ရှာရတာတမျိုး
နင့်အရှုပ်တွေကို လိုက်ရှင်းရတာတမျိုးနဲ့ .."အရှုပ်တွေ ။ အရှုပ်တွေတဲ့လား ။
ဒီအရွယ်ကလေးတယောက်က
ဘယ်လောက် ကြီးလေးသည့်အရှုပ်ကို လုပ်နိုင်မှာမို့လဲ ။ဒီအတွေးကို တွေးမိတော့ သူ့ရင်ထဲမှာ နွေးသွားရသည် ။
ချစ်တဲ့စိတ်နဲ့ကြည့်ရင် အရာရာဟာ လှပ,နေမှာပါဘဲ ။
ဘယ်လိုအမှားမျိုးကိုဘဲလုပ်လုပ်
ချစ်တဲ့စိတ်သာ အနိုင်ရနေရင် အရာရာကိုခွင့်လွှတ်နိုင်မှာပါ ။ချစ်တဲ့စိတ်ဆိုတာကလဲ
ပူလောင်တဲ့ချစ်ခြင်းတွေကိုပြောတာမဟုတ်ဘဲ
အေးမြတဲ့မေတ္တာတွေနဲ့ရောစပ်ထားတဲ့ချစ်ခြင်းတွေက
လူတယောက်ကို နွေးထွေးလုံခြုံစေခဲ့မှာပါလေ ။
YOU ARE READING
ပန်းပျိုးလက် ))) 🥀 (((