Part 4

511 32 1
                                    

ပန်း ပျိုး လက် ( ၄ ) ပန်းရင့်ဋီကာ 🌸

" ကိုကိုဘာလုပ်နေတာလဲ "

" ဟာ ပန်းနုလေးပါလား
ကိုကိုအိမ်ပြင်နေတာပန်းနုလေးရဲ့ "

" ဟုတ်လား မီးမီးဝိုင်းပြင်ပေးရမလား "

" အမလေး နေပါစေဗျာ
ပန်းနုလေးဘာစားပြီးသွားပြီလဲ "

" ငှက်ပျောသီး "

" ဝါး မိုက်လှချည်လား
မနက်စောစောဆိုတာ ထမင်းစားရတယ်ပန်းနုရဲ့ "

" မေမေမှမကျွေးတာ
မနေ့က ထမင်းမကျန်လို့တဲ့ "

ပန်းနုလေးရဲ့စကားကြောင့် သူ နှုတ်ဆိတ်သွားမိသည်။

လက်ထဲမှတုံးတိုတခုကို မြေကြီးနဲ့ဆောင့်ထုနေရင်းမှ
အနားမှာလာရပ်ကြည့်နေသည့်ပန်းနုလေးရဲ့မျက်နှာကို
ဂရုဏာမျက်ဝန်းတွေနဲ့ မော့ကြည့်နေမိလေသည် ။

ငါးနှစ်မပြည့်သေးသည့် ဒီကလေးမလေးရဲ့မျက်နှာမှာ
ဘာအရိပ်အယောင်မှမရှိဘဲ ကြည်လင်လို့နေခဲ့သည် ။

မိဘတွေရဲ့မကြာခဏရန်ပွဲတွေကြားမှာလဲ
ဘာမှမဖြစ်သလို ထုံပေပေနဲ့ နေတတ်နေခဲ့သည် ။

ပန်းနုလေးရဲ့အဖေက မကြာခဏမူးရူးနေတတ်သလို
အမေဖြစ်သူကလဲ ပါးစပ်ထဲတွေ့ရာတွေပြောပြီးရန်ဖြစ်တတ်သည်။

မနက်ခင်းဆိုရင်တော့ ပန်းနုလေးက
သူတို့အိမ်ဘက်မှာဘဲ လာကူးနေတတ်ပြီး
မိခင်ဈေးမှပြန်ရောက်မှ ပြန်ကူးသွားတတ်သည်။

သူကျောင်းတက်နေတုန်းကတော့
ကျောင်းကိုသွားတော့မှ ပန်းနုလေးကိုခေါ်ပြီး
သူ့အမေရှိတဲ့ဈေးကို ဝင်ပို့ပေးရသည် ။

ပန်းနုလေးအမေက ဈေးမှာပန်းရောင်းသလို
သူ့အမေသည်လည်း ပန်းနုလေးရဲ့အမေနဲ့အတူတူ
ဈေးမှာ ကုန်စိမ်းအမျိုးမျိုးကို ရောင်းချသူဖြစ်သည်။

အမေကုန်စိမ်းရောင်းသည့်အတွက်တော့
သူ့စိတ်မှာ တခါမှ အရှက်ရသည်လို့မခံစားခဲ့ရဖူးပေ ။

အမေ့ကိုဝိုင်းကူရင်းနဲ့ဘဲ
သူ့ရဲ့ကျောင်းတက်ချိန်တွေကို ကုန်လွန်စေခဲ့သည် ။

ပန်းပျိုးလက်  ))) 🥀 (((Where stories live. Discover now